မော်လမြိုင်ကျွန်းမှာ လယ်သမား ၅ ဦး ထောင်ချခံရ


2014.01.01

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထိယာလိကျေးရွာက လယ်သမား ၅ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်းက  အသိမ်းခံထားရတဲ့ လယ်တွေထဲမှာ ဝင်ရောက်ထွန်ယက်ခဲ့ မှုကြောင့် မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးကနေ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အကျိုးစီးပွား ဖျက်စီးမှု ပုဒ်မ ၄၂၇ တို့နဲ့ မနေ့က ထောင်ဒဏ် ၂လ ချမှတ်လိုက်ပါတယ်။

မနေ့က ထောင်ဒဏ်ချမှတ်ခံရတဲ့ ထိယာလိကျေးရွာက ဦးနေလရဲ့ညီဖြစ်သူ ဦးညိုကြီးက အခုလိုပြောပါတယ်။

" ကျွန်တော်တို့ကလည်း ဒီ ၂၀၁၃ မိုးရာသီမှာ ပြန်ရပါမယ်၊ လုပ်ငန်းစစ်ဆေး အစီရင်ခံစာ ကော်မတီတွေ ထွက်လာတယ်၊ ကျွန်တော်တို့ဆီ ရောက်လာတဲ့ အခါကျတော့ ဥပဒေကြောင်းဆိုတာကို ကျွန်တော်တို့ တောင်သူကနားမလည်ဘူး၊ အဲ့တော့ ကျွန်တော်တို့ လယ်ကိုဆင်းလုပ်တော့ တရားစွဲတယ်၊ တရားစွဲပြီးတော့ မနေ့က လယ်သမား ၅ ယောက် ထောင်ချလိုက်တယ်"

ပြီးခဲ့တဲ့၂၀၀၀ ခုနှစ်ကစတင်ပြီး  မော်လမြိုင်ကျွန်းမြို့နယ် ရဲတပ်ဖွဲ့က ရဲဝန်ထမ်းသက်သာ ရန်ပုံငွေအတွက်ဆိုပြီး လယ်ယာမြေ ၁၀ ဧကနီးပါးကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်ပိုင်း လယ်ယာမြေစီမံကိန်းအတွက် သိမ်းယူထားတဲ့လယ်တွေကို တခြားလယ်သမားကို ပြန်ရောင်းချခဲ့ တယ်လို့ လယ်သမားတွေက ပြောပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ထံက လယ်ယာမြေ ပြန်ဝယ်ထားသူ လယ်ပိုင်ရှင်အသစ်တစ်ဦးက ဝင်ရောက် ထွန်ယက်သူ လယ်သမား ၅ ဦးကိုတရားစွဲဆိုခဲ့တာဖြစ်ပြီး လယ်သမား ၅ ဦး အဖမ်းခံထားရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။