သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-02
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဟောပြောမယ့် လူထုဟောပြော ပွဲဖြစ်မြောက်ရေး ဗဟိုကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-05-02
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က မွတ် စလင်တွေရဲ့ အရေးတကြီးလိုအပ်ချက် ဟာ နိုင်ငံသားဖြစ်ခွင့် သာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ ဗီဂျေနမ်ဘီယား က ပြော ကြားလိုက်ပါတယ်။
2014-05-02
တရုတ် စစ်သင်္ဘော ၂ စင်းဟာ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေ ကို ၂ လကြာလေ့ကျင့်ရေးခရီးစဉ်အဖြစ် နိုင်ငံအရှေ့မြောက် ပိုင်းရှိ ဒါလီယန် Dalian ဆိပ်ကမ်းကနေ ဧပြီလ ၃ဝ ရက်နေ့ မှာ ထွက်ခွာသွားပြီဖြစ်ကြောင်း တရုတ်အစိုးရ သတင်းဌာန က ကြေညာပါတယ်။
2014-05-01
စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက် အုပ်ချုပ်ရေးပုံစံ ပြောင်းလဲကျင့်သုံး လာခဲ့တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှု အခြေအနေ တိုးတက်လာ တာတွေ တွေ့ရှိခဲ့ရပေမဲ့၊ ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ စိုးရိမ်စရာအနေ အထားတွေ ပေါ်ပေါက်လာခဲ့တယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂ဝ၁၄ ခုနှစ် လွတ်လပ်မှု အခြေပြ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
2014-05-01
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ငါးရက်ကြာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံကနေ တိုင်ရင်းသားပေါင်းစုံကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးအတွက် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-05-01
လွန်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် မေလဆန်းက မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး သဘာဝ ဘေးအန္တရာယ်ဖြစ်တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း လူပေါင်းတသိန်းကျော် သေဆုံးပြီး ကျေးရွာပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။ ခြောက်နှစ်ပြည့်ကာလ ရောက်လာပေမယ့် မုန်တိုင်းကြောင့် ဘဝပျက် ခဲ့ရသူတွေဟာ သူတို့ရင်ဆိုင်ကြုံတွေ့ ခဲ့ရတာတွေကို ဒီနေ့အထိ မေ့ဖျောက်လို့ မရသေးပါဘူး။ နာဂစ်မုန်တိုင်း ဒဏ် အပြင်းအထန် ခံစားခဲ့ရသူတွေ ပြန်ပြောပြတဲ့အကြောင်း၊ သဘာဝဘေးအန္တရာယ်နဲ့ လူသားတွေရဲ့ အံတုမှု အကြောင်း RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2014-05-01
ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို မြို့နယ်အနှံ့မှာ ကျင်းပကြသလို ရန်ကုန်မြို့မှာလည်း အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝ ရရှိရေးအတွက် အလုပ်သမားသမဂ္ဂတွေ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် မရတနာဦးက စုစည်းတင်ပြထားပါတယ်။
2014-05-01
ဟိုင်းကြီးကျွန်းအပိုင် အဆင်းချိုင်ကျေးရွာမှာ နာဂစ်မုန်တိုင်း ဝင်ရောက်ဖို့ မိနစ်ပိုင်းအလိုမှာ မုန်တိုင်းသတိပေးချက် ရရှိခဲ့ပေမယ့် ရွာသားအတော်များများဟာ မုန်တိုင်းရဲ့အန္တရာယ်ကို မသိကြတာကြောင့် ဘေးလွတ်ရာရှောင်တိမ်းဖို့ နောက်ကျခဲ့ကြတယ်လို့ သိရပါတယ်။ မုန်တိုင်းစတင်ဝင်ရောက်တဲ့ မေလ ၂ ရက် နဲ့ မေလ ၃ ရက်နေ့ မုန်တိုင်းတိုက်ခတ်ပြီးသွားချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဟိုင်းကြီးကျွန်းအပိုင် အဆင်းချိုင်ကျေးရွာက ကိုကျော်သူကို သူလက်ရှိနေထိုင်နေတဲ့ သန်လျင်မြို့ သဘာဝတရားရိပ်သာက စေတနာ့ရွာမှာ ကျမတို့ ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2014-05-01
၂ဝဝ၈ ခုနှစ် မေလ (၂) ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ နာဂစ်လေမုန်တိုင်းကြောင့် ဧရာဝတီတိုင်းက မြို့နယ် ၃၇ မြို့နယ်ကို ပျက်စီးစေခဲ့ပြီး လူပေါင်း တစ်သိန်းလေးသောင်း သေဆုံးခဲ့ပါတယ်။ နာဂစ်တိုက်ခတ်ပြီးတာ ၆ နှစ်ကျော် ကြာခဲ့ပေမဲ့ မုန်တိုင်းဒဏ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေဟာ မုန်တိုင်းနဲ့ပတ်သက်ပြီး ခံစားနေရဆဲဖြစ်ပါတယ်။
2014-05-01
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အဖွဲ့တွေ စုပေါင်းပြီး ရွှေ့ပြောင်း အလုပ်သမားအခွင့် အရေးတွေ အပြည့်အဝရရှိဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2014-05-01
မကြာတော့မယ့်အချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မှာဖြစ်ကြောင်း ဒီနေ့ မနက်ပိုင်းက ရေဒီယို ကနေတဆင့် လစဉ်ပြောကြားတဲ့ နိုင်ငံတော်သမ္မတမိန့်ခွန်း မှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
2014-05-01
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရ မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားခဲ့ပါတယ်။
2014-05-01
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်ကဦးစီး ပြီး ထောင်ဂဏန်းရှိတဲ့ အလုပ် သမားတွေဟာ အလုပ်သမား အခွင့်အရေး အပြည့် အဝ ရရှိရေးအတွက် ရန်ကုန်မြို့ ဆူးလေဘုရား အနီးတဝိုက်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။
2014-05-01
ဒီကနေကျရောက်တဲ့ မေဒေးနေ့အထိမ်းအမှတ်ကို မြန်မာနိုင်ငံအနှံ့ကျင်းပကြသလို ရန်ကုန်မြို့မှာလည်း အလုပ်သမားတွေက စီတန်းလှည့်လည်တာတွေ၊ ဟောပြောပွဲတွေပြုလုပ်ကြပါတယ်။