တရုတ် စစ်သင်္ဘောတွေ မြန်မာပြည် လာနေပြီ


2014.05.02
china-navy-305 တရုတ်စစ်သင်္ဘော Zhenghe ကို တွေ့ရစဉ်
Photo:frontierindia.net

တရုတ် စစ်သင်္ဘော ၂ စင်းဟာ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေကို ၂ လကြာလေ့ ကျင့်ရေးခရီးစဉ်အဖြစ် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဒါလီယန် Dalian ဆိပ်ကမ်းကနေ ဧပြီလ ၃ဝ ရက်နေ့ မှာ ထွက်ခွာသွားပြီဖြစ်ကြောင်း တရုတ်အစိုးရ သတင်း ဌာနက ကြေညာပါတယ်။

ဒီခရီးစဉ်မှာ တရုတ် ရေတပ်တက္ကသိုလ်တွေက ကျောင်း သား ၁၇ဝ ကျော်လည်း လိုက်ပါလာတယ်လို့ သိရပါ တယ်။

အဲဒီတရုတ်ရေတပ်က သင်္ဘောတွေဟာ ၅၆ ရက်ကြာ ခရီးစဉ်အတွင်း သက်ဆိုင်ရာနိုင်ငံတွေ က ရေတပ် ဖွဲ့တွေနဲ့ အတွေ့အကြုံတွေ အသိပညာတွေ ဖလှယ်ကြ မယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံခြားတိုင်းပြည်တွေက ရေတပ်ဖွဲ့သင်တန်းသားတွေကို တရုတ် သင်္ဘောတွေပေါ်မှာ လာရောက်ပြီး မိမိတို့သင်္ဘောသားတွေနဲ့ ရက်ပေါင်းများစွာ အတူတကွ နေထိုင်စားသောက် ရင်း လေ့လာသင်ကြားမယ့် အစီအစဉ်မျိုးတွေ ပါဝင်တယ်လို့ ဆင်ဝှာသတင်းမှာ ဖေါ်ပြထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။