ရခိုင်ပြည်နယ်က မွတ်စလင်တွေ ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း
2014.05.02

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ အရေးတကြီးလိုအပ် ချက်ဟာ နိုင်ငံသားဖြစ်ခွင့် သာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေနမ်ဘီယား က ပြောကြားလိုက်ပါတယ်။
မနေ့က နယူးယောက်မြို့ နိုင်ငံတကာ ငြိမ်းချမ်းရေးသိပ္ပံမှာ ကျင်းပ တဲ့ဆွေးနွေးပွဲမှာ မစ္စတာ နမ်ဘီးယားက အခုလို ပြောကြားလိုက် တာဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်မရရှိသေးသရွေ့ ရိုဟင်ဂျာမွတ်စလင်တွေ ရဲ့ အခြေအနေဟာ ဆက်ပြီး လုံခြုံစိတ်ချရမှာမဟုတ်သလို ဒီပြဿနာ။ ဟာ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို မလွဲမသွေ ထိခိုက်စေပါတယ်လို့လည်း သူကပြောပါတယ်။
အစိုးရအာဏာပိုင်တွေက ကတိကဝတ် အများအပြားပေးထားပေမဲ့ ရခိုင်ပြည်နယ်က မွတ်စလင်အများစုရဲ့ ယာယီမှတ်ပုံတင်၊ မွေးစာရင်း၊ ခရီးသွားလက်မှတ်စတဲ့ ကိစ္စတွေမှာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့လည်း မစ္စတာနမ်ဘီးယားက ပြောပါတယ်။
လောလောဆယ် အရေးအကြီးဆုံးလိုအပ်ချက်က သူတို့အဆင့်အတန်းကို စိစစ်သတ်မှတ်နိုင်ဖို့ဖြစ်ပြီး၊ မှတ်ပုံတင် ရဖို့၊ တစ်နိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့်ရဖို့ ပြည်ပသွား ခရီးသွားလက်မှတ်တွေ ရဖို့ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အထူးအကြံပေးအရာရှိက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ကိစ္စရပ်တချို့ဟာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် လူနည်းစုတွေအကြား အစွန်းရောက်အတွေးအခေါ်တွေဝင်လာစေခဲ့ပြီး အကြမ်းဖက်တိုက်ခိုက် မှုတွေ ဖြစ်ပေါ်လာခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးကို ထိခိုက်တော့မလားလို့တောင် သံသယတွေ ဖြစ်လာစေခဲ့ပါတယ်လို့လည်း မစ္စတာနမ်ဘီယားက ပြောပါတယ်။