ရခိုင်တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း
2014.05.01

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရမှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ ပြော ကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ရခိုင်အမျိုးသား ညီလာခံ နောက် ဆုံးနေ့မှာ နာယက သူရဦးရွှေမန်းက အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့နိုင်ငံမှာလည်း ဖက်ဒရယ်ဒီမိုကရေစီကို ကျင့်သုံးပြီးတော့ ကိုယ့်နိုင်ငံကို ဖွဲ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင် လုပ်ရမယ်ဆိုတဲ့ သုံးသပ်ချက်အရ အဲ့လိုသုံးသပ်ချက်ရတဲ့ထဲမှာ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ အခြေအနေ ကျနော်တို့ သမိုင်းကြောင်း၊ ကျနော်တို့ ပထဝီ အနေအထားအရ ကျနော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေရှိသော ဖက်ဒရယ် ဒီမိုကရေစီ ကျင့်သုံးရမယ်၊ အဲ့ဒီအတွက် ဒီနေ့ ရခိုင်အမျိုးသား ညီလာခံက ပေါ်ထွက်လာတဲ့ ဆွေးနွေး ချက်တွေ၊ ဖော်ထုတ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေဟာ ရခိုင် ပြည်နယ်အတွက် ဒီဟာတော်တော်လေး ပြည့်ပြည့် စုံစုံရှိပါတယ်၊ တချို့ပြည်နယ်တွေလည်း သူတို့ရဲ့ ထူးခြားချက်ပေါ် မူတည်ြင်္ပီးတော့ ဒီလိုဖော်ထုတ်သုံးသပ်ပါတယ်၊ ဒီလိုအားလုံး ထွက်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကျနော်တို့နိုင်ငံ၊ ကျနော်တို့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်သောကိစ္စများ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်"
ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးဖို့ လိုအပ်သလို ရခိုင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း က တိုက်တွန်းပြောကြားခဲ့ ပါတယ်။
ဒီကနေ့ ရခိုင်အမျိုးသားညီလာခံနောက်ဆုံးနေ့မှာ တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်ဖို့ စတဲ့အချက်တွေအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးအတွက် မူဝါဒ အချက်ပေါင်း ၉၀ ကျော်ကို မူကြမ်း အနေနဲ့ရေးဆွဲနိုင်ခဲ့ပါတယ်။ အဲ့ဒီမူကြမ်းကို မနက်ဖြန်မှာ အတည်ပြုထုတ်ပြန်သွားမှာဖြစ်တယ်လို့ လည်း ရခိုင်အမျိုးသားညီလာခံ ကျင်း ပရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။
၅ ရက်ကြာကျင်းပခဲ့တဲ့ ရခိုင်အမျိုးသား ညီလာခံအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်အမျိုးသား ညီလာခံ ပိတ်ပွဲကျင်းပနေစဉ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။