နာဂစ်မုန်တိုင်းဒဏ်နဲ့ ဟိုင်းကြီးကျွန်း
2014.05.01
ဟိုင်းကြီးကျွန်းအပိုင် အဆင်းချိုင်ကျေးရွာမှာ နာဂစ်မုန်တိုင်း ဝင်ရောက်ဖို့ မိနစ်ပိုင်းအလိုမှာ မုန်တိုင်းသတိပေးချက် ရရှိခဲ့ပေမယ့် ရွာသားအတော်များများဟာ မုန်တိုင်းရဲ့အန္တရာယ်ကို မသိကြတာကြောင့် ဘေးလွတ်ရာရေှာင်တိမ်းဖို့ နောက်ကျခဲ့ကြတယ်လို့ သိရပါတယ်။ မုန်တိုင်းစတင်ဝင်ရောက်တဲ့ မေလ ၂ ရက် နဲ့ မေလ ၃ ရက်နေ့ မုန်တိုင်းတိုက်ခတ်ပြီးသွားချိန်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဟိုင်းကြီးကျွန်းအပိုင် အဆင်းချိုင်ကျေးရွာက ကိုကျော်သူကို သူလက်ရှိနေထိုင်နေတဲ့ သန်လျင်မြို့ သဘာဝတရားရိပ်သာက စေတနာ့ရွာမှာ ကျမတို့ ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။