သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-02
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ဆက်လက် ကူညီဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ မနေ့က တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
2019-03-02
ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) (၂) တို့နဲ့ တပ်မတော်က အမှုဖွင့်ထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးက ဒီနေ့ ပြောလိုက်ပါတယ်။
2019-03-02
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေရွာနဲ့ ကွန်စံလိတ်ရွာအနားမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအာင်းပလောင်အဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ သီပေါမြို့ပေါ်ကို ထွက်ပြေး ရောက်ရှိနေပါတယ်။
2019-03-02
ဖမ်းဆီးခံတောင်သူတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူလယ်သမား ၂၀၀ ကျော်ဟာ မန္တလေး မဟာမုနိဘုရားမှာ ဒီနေ့မနက်ပိုင်းက ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-03-02
၂ဝ၁၉ မတ်လ ၂ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " ဦးရွှေမန်းကော်မရှင် ဖျက်သိမ်းခြင်း နှင့် မျက်မှောက်နိုင်ငံရေး အလားအလာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-03-02
ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ မြန်မာ့ကျွန်းသစ် အရောင်းအဝယ်လုပ်ငန်းဟာ နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနဲ့ လည်ပတ်နေပြီး၊ ဒီလုပ်ငန်းထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဂတိလိုက်စားတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ ပါဝင် ပတ်သက်နေတယ် လို့ ကမ္ဘာ့ ပတ်ဝန်းကျင်ရေးရာ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့က ဖွင့်ချလိုက်ပါတယ်။
2019-03-02
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မီတီ ဖွဲ့စည်းပြီး လုပ်ငန်းစတင်ချိန်မှာပဲ ကန့်ကွက်မှုတွေနဲ့အတူ၊ NLD အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ် မပြင်နိုင်ဘူးဆိုတဲ့ မှတ်ချက်ပေးသံတွေလည်း ထွက်ပေါ်လာပါတယ်။ ဘာကြောင့် အဲဒီလို မှတ်ချက်တွေ ချကြတာပါလဲ။
2019-03-02
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်နဲ့ AA ရခိုင့်တပ်မတော်တို့ အခြေစိုက်တဲ့ လိုင်ဇာမြို့ဟာ အစိုးရတပ်တွေရဲ့ ပိတ်ဆို့ထားတာ ခံနေရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ လီဒို လမ်းမကြီးပေါ်မှာ ရှိနေတဲ့ လိုင်ဇာဒေသဟာ စီးပွားရေး အလာအလာကောင်းတွေ ရှိပေမယ့်၊ လက်ရှိမှာတော့ လိုင်ဇာမြို့ဟာ ရောင်းဝယ်ဖောက်ကားသူတွေနဲ့ စည်ကား မနေတော့ပါဘူး။
2019-03-02
မန္တလေးမြို့နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ထောက်ပြမှုတွေခံနေရတဲ့ ရန်ကုန်စည်ပင်သာယာရေးကော်မတီရဲ့ ကော်မတီဝင်သစ် ရွေးကောက်ပွဲကို မကြာခင်မှာ ကျင်းပတော့မှာပါ။
2019-03-01
ရိုဟင်ဂျာတွေ အကြမ်းဖက်နှိပ်စက်မောင်းထုတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားတစ်ရပ် တည်ထောင်လိုက်တာကို မြန်မာအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
2019-03-01
ဘူးသီးတောင်မြို့နယ် စကခ (၁၅) တပ်ထဲကအရာရှိအိမ်မှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကတော်ဟာ ရေပိုက်နဲ့လုပ်ထားတဲ့လက်လုပ်ဗုံးပေါက်ပြီးသေဆုံးတာလို့ တပ်မတော်က မနေ့ကထုတ်ပြန်ပြောဆို လိုက်ပါတယ်။
2019-03-01
နမ္မတူ-သီပေါလမ်းပိုင်း မန်လီရွာနားမှာဖြစ်နေတဲ့ RCSS နဲ့ SSPP ၊TNLA တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ ရဲ့တိုက်ပွဲကြောင့် ရာနဲ့ ချီတဲ့ရွာသားတွေ ထွက်ပြေးရပြီး ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ ညက သီပေါမြို့ပေါ်ကို ရောက်လာပါတယ်။
2019-03-01
HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ဒုတိယညွန်ကြားရေးမှူး Phil Robertson ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က လာရောက်လည်ပတ်ခဲ့ပါတယ်။ Phil Robertson ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2019-03-01
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2019-03-01
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း ၉၀ ဟာ လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘူးဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံမှာ ဒီနေ့ နုတ်ထွက်စာတင် လိုက်ကြပါတယ်။