မြန်မာ့ကျွန်းသစ်အရောင်းအဝယ်နဲ့ အဂတိလိုက်စားမှု
2019.03.02
■ ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ မြန်မာ့ကျွန်းသစ် အရောင်းအဝယ်လုပ်ငန်းဟာ နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနဲ့ လည်ပတ်နေပြီး၊ ဒီလုပ်ငန်းထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဂတိလိုက်စားတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ ပါဝင် ပတ်သက်နေတယ် လို့ ကမ္ဘာ့ ပတ်ဝန်းကျင်ရေးရာ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့က ဖွင့်ချလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် EIA အဖွဲ့က မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ဒီအစီရင်ခံစာအကြောင်းကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။