တောင်သူလယ်သမားအရေး ဆုတောင်းပွဲကျင်းပ

ဖမ်းဆီးခံတောင်သူတွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူလယ်သမားတွေ ၂၀၁၉၊ မတ်လ ၂ ရက်နေ့က မန္တလေး မဟာမုနိဘုရားမှာ ဆုတောင်းပွဲ ပြုလုပ်စဉ်
ဖမ်းဆီးခံတောင်သူတွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူလယ်သမားတွေ ၂၀၁၉၊ မတ်လ ၂ ရက်နေ့က မန္တလေး မဟာမုနိဘုရားမှာ ဆုတောင်းပွဲ ပြုလုပ်စဉ် (ဓါတ်ပုံ- ဝင်းနိုင်ဦး)

ဖမ်းဆီးခံတောင်သူတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူလယ်သမား ၂၀၀ ကျော်ဟာ မန္တလေး မဟာမုနိဘုရားမှာ ဒီနေ့မနက်ပိုင်းက ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ ဆုတောင်းပွဲ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်း လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ တောင်သူ အယောက် ၃၀၀ ကျော်ရှိနေပြီး ထောင်ထဲမှာ အကျဉ်းကျနေတဲ့ တောင်သူတွေ ရှိနေတယ်လို့ ဆုတောင်းပွဲပြုလုပ်တာလို့ ပွဲဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန် တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလင်းထင်စိုး က RFA ကို ပြောပါတယ်။

ဆုတောင်းပွဲကို နှစ်နာရီကြာ ကျင်းပခဲ့ပြီး ပြင်ဦးလွင်၊ စဉ့်ကိုင်၊ အမရပူရ ၊ မဟာအောင်မြေ၊ မတ္တရာ၊ စစ်ကိုင်း မြို့နယ်တွေက တောင်သူလယ်သမား ပါဝင်ခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကတော့ ဥပဒေမဲ့သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့၊ လျော်ကြေးနဲ့ နစ်နာကြေးရရှိဖို့၊ စွန့်လွှတ်ပြီးမြေတွေကို မူလပိုင်ရှင်တွေဆီ အမြန်ဆုံးပြန်လည်အပ်နှံဖို့၊ မစွန့်လွှတ်ရသေးတဲ့ သိမ်းဆည်းခံလယ်ယာမြေတွေကို ကော်မတီအသီးသီးက အမြန်ဆုံးစိစစ်ပြီး မူလပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်နိုင်ဖို့အတွက် အစိုးရက ကြပ်မတ်ဆောင်ရွက်ပေးနေတယ်လို့ တောင်သူလယ်သမားနေ့အထိမ်းအမှတ် သဝဏ်လွှာမှာ ပြောလိုက်ပါတယ်။

၂၀၁၈ နှစ်ကုန်ထိ ဧကပေါင်း ၄သိန်း ကျော်ကို တောင်သူတွေလက်ဝယ် ပြန်လည် စွန့်လွှတ်ပေးခဲ့ကြောင်းနဲ့ ကျန်ရှိတဲ့ စွန့်လွှတ်မြေတွေကို သိမ်းဆည်းခံတောင်သူတွေ လက်ထဲ အမြန်ဆုံးရောက်ရှိရေးအတွက် ချမှတ်ထားတဲ့ မူဝါဒလုပ်ငန်းစဉ်တွေနဲ့ အညီ အလေးထားဆောင်ရွက်နေကြောင်းလည်း သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောင်သူလယ်သမားတွေ လူနေမှုဘ၀ တိုးတက်မြင့်မားရေးအတွက် မြေပိုင်ဆိုင်ခွင့်လက်မှတ်တွေ တစ်နှစ်အတွင်းရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေတွေ စိုက်ပျိုးရာသီအမီ ရရှိရေး၊ လယ်ယာမြေသွင်းအားစုတွေ အခွန်ကင်းလွတ်ခွင့်ပေးရေး စတာတွေကို အစိုးရက အကောင်အထည်ဖော်ပေးနေတယ်လို့လည်း ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

ဖမ်းဆီးခံတောင်သူတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူလယ်သမား ၂၀၀ ကျော်ဟာ မန္တလေး မဟာမုနိဘုရားမှာ ဒီနေ့မနက်ပိုင်းက ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ ဆုတောင်းပွဲ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်း လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ တောင်သူ အယောက် ၃၀၀ ကျော်ရှိနေပြီး ထောင်ထဲမှာ အကျဉ်းကျနေတဲ့ တောင်သူတွေ ရှိနေတယ်လို့ ဆုတောင်းပွဲပြုလုပ်တာလို့ ပွဲဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန် တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလင်းထင်စိုး က RFA ကို ပြောပါတယ်။

ဆုတောင်းပွဲကို နှစ်နာရီကြာ ကျင်းပခဲ့ပြီး ပြင်ဦးလွင်၊ စဉ့်ကိုင်၊ အမရပူရ ၊ မဟာအောင်မြေ၊ မတ္တရာ၊ စစ်ကိုင်း မြို့နယ်တွေက တောင်သူလယ်သမား ပါဝင်ခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကတော့ ဥပဒေမဲ့သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့၊ လျော်ကြေးနဲ့ နစ်နာကြေးရရှိဖို့၊ စွန့်လွှတ်ပြီးမြေတွေကို မူလပိုင်ရှင်တွေဆီ အမြန်ဆုံးပြန်လည်အပ်နှံဖို့၊ မစွန့်လွှတ်ရသေးတဲ့ သိမ်းဆည်းခံလယ်ယာမြေတွေကို ကော်မတီအသီးသီးက အမြန်ဆုံးစိစစ်ပြီး မူလပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်နိုင်ဖို့အတွက် အစိုးရက ကြပ်မတ်ဆောင်ရွက်ပေးနေတယ်လို့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ပြောလိုက်ပါတယ်။