သီပေါမြို့ကို စစ်ပြေးဒုက္ခသည် ရာချီပြီးထပ်ရောက်လာ
2019.03.01

နမ္မတူ-သီပေါလမ်းပိုင်း မန်လီရွာနားမှာဖြစ်နေတဲ့ RCSS နဲ့ SSPP ၊TNLA တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ ရဲ့တိုက်ပွဲကြောင့် ရာနဲ့ ချီတဲ့ရွာသားတွေ ထွက်ပြေးရပြီး ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ ညက သီပေါမြို့ပေါ်ကို ရောက်လာပါတယ်။
အဲဒီစစ်ပြေးဒုက္ခသည်တွေဆီ ရောက်နေတဲ့ RFA သတင်းထောက် ကိုကံသာ သတင်းပေးပို့ထားပါတယ်။