သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-03
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းဆွေးနွေးပွဲ တစ်ခုကို နေပြည်တော်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2013-10-03
ပြည်နယ်တွေကထွက်ရှိတဲ့ သဘာဝ သယံဇာတတွေကို သက်ဆိုင်ရာပြည် နယ်တွေကသာ စီမံခန့်ခွဲခွင့်ရှိတယ် ဆိုတဲ့အချက်ကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းမပြင်ဆင်သရွေ့ ကယားပြည်နယ်မှာ တိုးချဲ့ လုပ်ဆောင်နေတဲ့ သတ္တုတူးဖော်ရေး စီမံကိန်းတွေ အားလုံးကို ရပ်ဆိုင်းထားဖို့ ကယားပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းနှစ်ခုက တောင်းဆိုလိုက်ပါတယ်။
2013-10-03
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း ၁၊၂၊ ၃ မှာ ၁၉၉၁ ခုနှစ်အထိ နေထိုင်ခဲ့ကြသူ ဒေသခံတွေဟာ စစ်တပ်က သိမ်းယူထားတဲ့ သူတို့ရဲ့မြေနေရာတွေ ပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီး ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းမှာ ဒီကနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
2013-10-03
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ အရင်က တရားစီရင်ရေးဌာနတွေကိုပဲ လေ့လာခဲ့ရာကနေ မကြာခင်မှာ အုပ်ချုပ်ရေးရုံးတွေ အကျဉ်းဦးစီးဌာနရုံးတွေ ကိုပါလေ့လာပြီး တွေ့ရှိချက်ကို အစိုးရဆီတင်ပြသွားမယ် လို့သိရပါတယ်။
2013-10-03
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးတွေဟာ ပါတီနိုင်ငံရေး လုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်မှုမရှိဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။
2013-10-03
အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၆ ဦးကို သံတွဲခရိုင် ရဲစခန်းက ဖမ်းဆီးပြီး သံတွဲအကျဉ်းထောင်ကို ဒီနေ့ပို့လိုက်ပြီလို့ သိရပါတယ်။
2013-10-03
လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စား လှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူလိုက်ကြပါတယ်။
2013-10-03
ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ၂ နှစ်ခွဲကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်နိုင်မှုအခြေအနေကို သုတေသန ပြုလုပ်ထားတဲ့ မြန်မာ့ရေးရာ လေ့လာသူ ဦးဝင်းမျိုးသူကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-03
အခုရက်ပိုင်အတွင်း မကွေးတိုင်းနေရာတချို့မှာ မိုးများနေတဲ့အတွက် မကွေး-နေပြည်တော် ကားလမ်း ရေကျော်တံတား ကျိုးပြတ်သွားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုဇော်တူး က သတင်းပေးပို့ထားပါတယ်။
2013-10-03
လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ အတူလက်တွဲ နေထိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-10-03
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ၆ လကျော် ကြာခဲ့ပြီဖြစ်ပေမယ့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံအများစုဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-02
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ဒေသခံရခိုင်တိုင်းရင်းသားဗုဒ္ဓ္ဓဘာသာဝင်တွေနဲ့ ကမန်တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်တွေအကြား အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ ဒုတိယဥက္ကဌ ဦးထွန်းဝေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-10-02
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁-၂-၃ က ပြည်သူတွေဟာ ရပ်ကွက်လိုက်အသိမ်းခံထားရတဲ့ သူတို့ရဲ့ဘိုးဘွားပိုင်မြေနေရာပြန်ရဖို့မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနားမှာ ဒီနေ့မနက်ကစပြီး သပိတ်စခန်း ဖွင့်တောင်းဆိုနေကြပါတယ်။
2013-10-02
လွှတ်တော်ကိုယ်စားလှယ်တာဝန် က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
2013-10-02
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ တရားစီရင်ရေး စနစ်အပြင် အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်တွေကို ပါ ထောက်ပြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းချက် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။