သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-11
ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးရရှိဖို့ဆိုရင် နှစ်ဖက် သဘောတူညီထားတဲ့ မူဝါဒ၊ သဘောထား၊ လိုလားချက်တွေကို အီလက်ထရောနစ် အွန်လိုင်းကနေ တစ်ဆင့် ပြည်သူတွေထင်သာမြင်သာရှိအောင် ထုတ်ပြန်အသိပေးတာတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ဒုတိယဥက္ကဌ ကချင်ပြည်နယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်း ခဲ့ပါတယ်။
2013-01-11
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်လို့ ဒီတစ်လ အတွင်း နိုင်ငံတော်သမ္မတကို သီးခြားကြားဖြတ် အစီရင်ခံစာ တင်ပြသွားမယ်လို့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မနက်ပိုင်း ပြည်သူ့လွှတ်တော် အစည်းအဝေး မစခင်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
2013-01-11
ယုဇနကုမ္ပဏီပိုင်စက်ရုံဖြစ်တဲ့ ပျဉ်းမနားမြို့ အမှတ် ၂ သကြားစက်မှာ လက်ငင်းငွေချေစနစ်နဲ့ ကြံတွေရောင်းချနေတဲ့ ကြံစိုက်တောင်သူဦးရေ ၂၅ဝဝခန့်ကို သကြားစက်ရုံ ဖက်က ကြံဖိုးငွေ မရှင်းပေးတာ အခုဆို ရက်သတ္တနှစ်ပတ်ခန့်ရှိပြီလို့ သိရပါတယ်။
2013-01-11
တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခု လဆန်းပိုင်းက စက်လှေ နဲ့ရောက်လာကြတဲ့ ရိုဟင်ဂျာ ၈၅ ယောက်ကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီက ကော့သောင်းမြို့ကနေ အမြန်ရေယာဉ်နဲ့ ရန်ကုန်မြို့ကတဆင့် နေရပ်ဒေသ ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
2013-01-11
ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန်အတွင်း အစိုးရတပ်ဖွဲ့ဘက်က ဓါတုဗေဒ လက်နက်တွေ သုံးစွဲနေတယ်ဆိုတဲ့ KIA ရဲ့ စွပ်စွဲချက် ကို အစိုးရက မနေ့က ငြင်းဆိုလိုက်ပါတယ်။
2013-01-10
ကချင်ပြည်နယ်ကို ၆ရက်ကြာသွားရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး ဦးဆောင်တဲ့အဖွဲ့ဟာ KIA နဲ့ ဆွေးနွေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် မနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
2013-01-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေက အမေရိကန်ဘီလျံနာသူဌေးကြီး George Soros နဲ့အဖွဲ့ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်းနဲ့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ကိုလည်း သီးခြားတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။
2013-01-10
မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ကိုယ်စားလှယ် ကိုတိတ်နိုင်နဲ့ ကိုဘိုကြည် တို့ဟာ ရန်ကုန်မြို့အခြေစိုက် ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီရုံးတာဝန်ခံတွေနဲ့ ဒီနေ့တွေ့ဆုံပြီး အကျဉ်းထောင်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့အခြေအနေတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2013-01-10
ဇန်နဝါရီလ ၁၀ရက် ဒီကနေ့ ကျရောက်တဲ့ ၆၅နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ဦးစီးပြီး မြစ်ကြီးနားမြို့က အဲဒီအစိုးရအဖွဲ့ရုံး ရဲ့ ရှေ့မျက်နှာစာ မြက်ခင်းပြင်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2013-01-10
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ နှစ်မျက်နာ ဘုရားနားမှာ ဒီကနေ့ နေ့လည် ၂ နာရီလောက်က အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေ ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီ လယ်ပြင်ကျေးရွာက ကလေးသုံးယောက် မိခင် ဒေါ်ခွန်တောင် ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ခြေထောက်နှစ်ဖက်နဲ့ ညာဘက်လက်ဖျံမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2013-01-10
ဒီကနေ့ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာ ကချင်ဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းပေးဖို့ အတွက် ဒေသခံပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲနဲ့ ကိုယ်တွေ့ခံစားချက်တွေ ထုတ်ဖော်ပြောဆိုတဲ့ အခမ်းအနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာ ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2013-01-10
မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို ခုတ်မောင်းလာတဲ့ နဘား - မြစ်ကြီးနားသွား ရထားအမှတ်- ၄၉ လော်ကယ် (ခေါက်ပြန်) ရထားဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်ဘူတာနဲ့ နန်းခွင်ဘူတာအကြား ကြာကြီးကွင်းတံတား၊ ချောင်းရေပေါက်အနီး မိုင်တိုင် ၆၅၄ နားမှာ (ဇန်နဝါရီ ၉ ရက်) မနေ့ ည ၁၀ နာရီ ၁၅မိနစ် အချိန်က မိုင်းထောင်ဖောက်ခွဲခံခဲ့ရ တယ်လို့ စုံစမ်းသိရှိရပါတယ်။
2013-01-09
မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ရေးဆွဲ လိုက်သလို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဌအဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၉ဦးပါဝင်တဲ့ လာဘ်ပေး လာဘ်ယူ အရေးယူဆောင်ရွက်ရေး ကော်မတီတစ်ရပ် ကို သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဇန်နဝါရီ ၉ရက်နေ့ နေ့စွဲ နဲ့ ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
2013-01-09
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ နိုင်ငံတော်သမ္မတရော ကာကွယ်ရေးဦးစီးချုပ်နဲ့ပါ တွေ့ဆုံခဲ့တဲ့ KNU ခေါင်းဆောင်တွေက သူတို့တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဒီနေ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
2013-01-09
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဆဌမအကြိမ် ပုံမှန်အစည်းအဝေး ပထမနေ့ ခေတ္တရပ်နားစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပါတီစွဲစိတ်မျိုး မထားရှိဘဲ ပြည်သူ့ကောင်းကျိုးအတွက် ပူးပေါင်း လုပ်ဆောင်သင့်တယ်လို့ ပြောကြားသွားပါတယ်။