ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများအရေး ရန်ကုန်ရောက် AAPP နဲ့ ကြက်ခြေနီ တို့ ဆွေးနွေး

မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ကိုယ်စားလှယ် ကိုတိတ်နိုင်နဲ့ ကိုဘိုကြည် တို့ဟာ ရန်ကုန်မြို့အခြေစိုက် ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီရုံးတာဝန်ခံတွေနဲ့ ဒီနေ့တွေ့ဆုံပြီး အကျဉ်းထောင်နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့အခြေအနေတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

2013.01.10

AAPP ကိုယ်စားလှယ်တွေဟာ မနေ့တုန်းကလဲ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့တာဝန်ခံတွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးနိုင်းနိုင်း၊ ဒေါ်လဲ့လဲ့တို့နဲ့ တွေ့ဆုံပြီး ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို နှစ်ဖွဲ့တိုက်ဆိုင်စစ်ဆေးကြပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးနဲ့ သူတို့သားသမီးတွေ ပညာသင်ထောက်ပံ့ရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ AAPP အတွင်းရေးမှုး ကိုတိတ်နိုင် က RFA ကိုပြောပါတယ်။

မနက်ဖြန်မှာတော့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။