လာဘ်ပေးလာဘ်ယူ ဥပဒေကြမ်းနဲ့ အရေးယူဆောင်ရွက်ရေး ကော်မတီဖွဲ့စည်း
2013.01.09
ဒီကော်မတီဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ကော်မတီအနေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေရဲ့ အသံတွေနဲ့ သတင်းပေးပို့ချက်တွေကို နားထောင်ပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေရှိမှ အောင်မြင်နိုင်မှာ လို့ သုံးသပ်ပြောကြားပါတယ်။
လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေး ကော်မတီမှာ ဥက္ကဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အဖွဲ့ဝင်တွေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွှန့်၊ သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ နိုင်ငံတော် သမ္မတရဲ့ ဥပဒေ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်နဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း တို့ ပါဝင်ပါတယ်။
သမ္မတအမိန့်နဲ့ ဖွဲ့စည်းလိုက်တဲ့ “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ” နဲ့ ပတ်သက်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ တရားရေး စတဲ့နယ်ပယ်တွေက ပုဂ္ဂိုလ်တချို့ရဲ့ ဝေဖန်သုံးသပ်ချက်အမြင်တွေကို RFA သတင်းထောက် မသူဇာက စုစည်းတင်ပြထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |