ပြည်သူ့ကောင်းကျိုးအတွက် အားလုံးပူးပေါင်းလုပ်ဆောင်သင့်
2013.01.09

"အလုပ်ကို အခြေခံရမယ်၊မှုကို အခြေမခံရဘူး။အဲတော့ ကိုယ်စားလှယ်ဆိုတာ ပါတီတစ်ခုရဲ့ ကိုယ်စားလှယ်အားလုံးဟာ တစ်ပုံစံတည်း မဟုတ်ဘူး။သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကလည်း မတူဘူး။သူတို့ရဲ့ စိတ်ရင်းစေတနာဟာလည်း မတူဘူး။အဖြစ်အတိုင်းပြောမယ်ဆိုရင် ဒီအတိုင်းပဲ။ပူးပေါင်းဆောင်ရွက်လို့ရတဲ့ အခါမှာ ပြည်သူ့အကျိုးအတွက်တော့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ထင်တယ်။အန်တီဒီလိုပဲ မြင်တယ်။ဒါကြောင့် သိပ်ပုဂ္ဂိုလ်ရေးဆန်တာတို့၊ဆန္ဒစွဲတို့ ဒေါသစွဲတို့ အဲဒီဟာတွေမရှိဘဲနဲ့ ပြည်သူအတွက် ဘာအကျိုးရှိမလဲဆိုတာကို ကြည့်ပြီး လုပ်ရမယ်"
သတင်းထောက်တွေ မေးမြန်းတာတွေကို အချိန်ယူ ဖြေကြားပေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ)မှာ ပါဝင်တဲ့ နိုင်ငံခြားသားတွေနဲ့ ဆက်နွယ်တဲ့ ဥပဒေပါ အချက်အလက်တွေဟာ တဦးတယောက်ကိုရည်ရွယ်ပြီး တမင် ထည့်သွင်းထားတာလို့ ယူဆကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုကို အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ဦးပိုင်ကုမ္ပဏီလို အာဏာပိုင် အဖွဲ့အစည်းတွေ က လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့ အပေါ်မှာလဲ ဒေါ်အောင်ဆန်းစုကြည်က သူ့အမြင်တွေကို ဖြေကြားခဲ့ပါတယ်။
ဒီအကြောင်း အသေးစိတ်ကို RFA သတင်းထောက် ကိုဝင်းနောင်တိုးက သတင်းပေးပို့ထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |