အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ဒဏ်ရာရ
2013.01.10

Photo: RFA
ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ အကြား တိုက်ပွဲတွေဖြစ်ပွားမှုမရှိဘဲ အတန်ကြာ ငြိမ်သက်နေရာကနေ အခုလိုတိုက်ပွဲသံပြန်ကြားရတာ ဖြစ်ပြီး၊ ဒဏ်ရာရတဲ့ အမျိုးသမီကတော့ လုံးခင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့တုန်းကလည်း ကလေးတွေ ကျောင်းဆင်းချိန် အဲဒီ လယ်ပြင်ကျေးရွာမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
မိုးကောင်းကနေ ဖားကန့်ဘက်ကို အစိုးရစစ်တပ် ယာဉ်တန်း အစီး ၃၀ လောက် ရိက္ခာသွားရောက် ပို့ဆောင်နေတာကြောင့် ခရီးသွားပြည်သူတွေလုံခြုံရေးအတွက် မိုးကောင်း - ဖားကန့်လမ်းကို မနေ့မနက်ပိုင်းကစပြီး ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။