သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-13
အခုတပတ် တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ချမှတ်လုပ်ဆောင်နေပြီလို့ ပြောနေ ဆိုနေကြချိန်မှာ မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အလမ်းတွေ ရပိုင်ခွင့်တွေ တိုးတက်ရရှိ လာပြီလားဆိုတဲ့ မေးခွန်းကို အခြေပြုဆွေးနွေးတင်ပြထားပါတယ်။
2013-01-13
နှစ်သစ်ကူးမှာ ပြည်ထောင်စုကြီး အတွက် ပိုမိုကောင်းမွန်တဲ့ မျှော်လင့် ချက်တွေထားပြီး ညီညွတ်အောင် လုပ်ကြဖို့ ဇန်နဝါရီလ ၁၂ ရက် မနေ့ညပိုင်းက နေပြည်တော် စည်ပင် ဧည့်ရိပ်သာ မှာကျင်းပတဲ့ (၇၅)ကြိမ်မြောက် ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားမှာ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
2013-01-13
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချဲလ်နဲ့အဖွဲ့ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ဇန္နဝါရီ ၁၂ရက် မနေ့က ရောက်ရှိခဲ့ပြီး မွန်ပါတီအသီးသီး က နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2013-01-13
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု ကထန်ရွာမှာ ဒီကနေ့ မနက်က အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် ဒေသခံပြည်သူ တစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒေသခံပြည်သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင် လာတာ တစ်သောင်းပတ်ဝန်းကျင်လောက်ရှိနေပြီ လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2013-01-13
မန္တလေးမြို့အခြေစိုက် ငြိမ်းချမ်းရေးနေ့သစ်များ လူမှုကွန်ရက် အဖွဲ့ဟာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်ပိုင်းက စားနပ်ရိက္ခာနဲ့ဲ အလှူငွေတွေ သွားရောက်လှူဒါန်း ခဲ့ကြပါတယ်။
2013-01-13
မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကို ခုတ်မောင်းလာတဲ့ အမှတ် ၃၄အစုန် လူစီးအမြန်ရထားဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာရှိတဲ့ နန့်စီးအောင်ဘူတာ နဲ့ မော်လူးဘူတာအကြားအရောက်မှာ ဒီကနေ့မနက် အစောပိုင်း ၃နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခံရ ပါတယ်။
2013-01-12
ကရင်အမျိုးသားတွေဟာ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေ ဓလေ့ထုံးစံတွေနဲ့ သမိုင်း တလျောက် နှစ်ပေါင်းများစွာနေထိုင်လာတဲ့ လူမျိုးတွေဖြစ်တယ်ဆိုတာ ကရင်နှစ်သစ်ကူး ပွဲတွေက သက်သေပြနေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ ၇၅နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
2013-01-12
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ စနစ်တကျဆောင်ရွက်ခြင်း မရှိရင် ကြေးစင်တောင်၊ စပယ်တောင် ဒေသတွေမှာလိုပဲ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်လာနိင် တယ်လို့ ဒေသတွင်း သီတင်း ၂ပတ်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံလေ့လာရေးအဖွဲ့က ဒုတိယခေါင်းဆောင် ဦးစိုသူရထွန်းက RFA ကို ပြောပါတယ်။
2013-01-12
ရခိုင်ပြည်နယ် တဖက်ကမ်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ အခြေချနေထိုင်နေတဲ့ ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စု ၄၅စုဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ကူးလာပြီး အဲဒီမှာအခြေချနေထိုင်ခွင့်ရရှိဖို့ ပြည်ထောင်စုအစိုးရကို ခွင့်ပြုချက်တောင်းခံထားကြောင်း သိရပါတယ်။
2013-01-12
ကချင်ပြည်နယ် မြစ်ကြီးနား လေတပ် စခန်းဌာနချုပ်က ရဟတ်ယာဉ်တစ်စီး ဟာ ဇန်နဝါရီ ၁၁ ရက် မနေ့က ညနေ ၃နာရီခွဲလောက်မှာ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာရဲ့ အရှေ့ဘက် ၁၀မိုင်ခန့် အကွာမှာ ပျက်ကျခဲ့ပါတယ်။
2013-01-12
သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့အမှုကို သတ္တုတွင်း ဝန်ကြီးဌာနက ပြန်လည်ရုတ်သိမ်းဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
2013-01-12
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာနယ်စပ်မှာ တရုတ စစ်တပ်တွေ တိုးမြှင့်ချထား လိုက်တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့Global Times တရုတ်အစိုးရ သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
2013-01-11
မြန်မာနိုင်ငံအနှံအပြားမှာ ဖြစ်ပေါ်နေ တဲ့ လယ်မြေယာမြေ သိမ်းဆည်းမှုတွေ ကို ဖြေရှင်းနိုင်ဖို့အတွက် အသစ်ပြဋ္ဌာန်း လိုက်တဲ့ လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ဒီကနေ့ နေ့လည်က ပြုလုပ်ခဲ့ပါတယ်။
2013-01-11
အာဏာပိုင်တွေက လက်ပန်တောင်းတောင်သပိတ်စခန်း ဖြိုခွဲစဉ်ကာလမှာ ဒဏ်ရာရခဲ့တဲ့သံဃာ နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၁၁၆ဦးကို သီတဂူဆရာတော် အရှင်ဉာဏိဿရက ကူညီကုသပေးနေရာမှာ အောင်မြင်နေတယ်လို့ သတင်းရရှိပါတယ်။
2013-01-11
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေ တဲ့ မြန်မာအစိုးရ ထိုးစစ်တွေ အမြန်ဆုံးရပ်စဲဖို့နဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေကို အကူအညီပေးရေး အတွက် ကချင်၊ ကရင်၊ ရှမ်း၊ လားဟူ၊ ဗမာလူမျိုးများ ပူးပေါင်းပြီး လူအင်အား ၈ဝခန့်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့မနက်က စုဝေးဆန္ဒပြခဲ့ကြပါတယ်။