ကချင်စစ်ဘေးဒုက္ခသည်တွေကို ငြိမ်းချမ်းရေးနေ့သစ်များကွန်ရက်ကလှူဒါန်း
2013.01.13

ဒီစခန်းတွေမှာ မြင်တွေ့ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနေ့သစ်များ ကွန်ရက်အဖွဲ့အဖွဲ့ဝင် ကိုဝင်းမင်းထွန်း က ဒုက္ခသည်စခန်းတွေမှာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တာကြောင့် အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအနေနဲ့ ပိုလှူဒါန်းကြဖို့ကို တိုက်တွန်းလိုကြောင်း RFA ကိုပြောပါတယ်။
ဝိုင်းမော်မြို့နယ် သာဂရ သရက်တောဘုန်းတော်ကြီးကျောင်း၊ သာဂရ လီဆူး နှစ်ချင်းခရစ်ယာန်အသင်းတော်၊ မိုင်းနားကျေးရွာက နှစ်ချင်းအသင်းတော်နဲ့ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော်၊ မြစ်ကြီးနားမြို့က ရွှေစက်၊ မန်ခိန်၊ ဂျန်မိုင်ကောင် ရပ်ကွက်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းခဲ့တာတွေကတော့ ဆန်အိတ် ၅၀၊ အဝတ်အထည်နဲ့ အလှူငွေအပါအဝင် စုစုပေါင်း ငွေကျပ် ၂၂သိန်းခန့် ဖြစ်ပါတယ်။
အခုလိုလှူဒါန်းဖို့အတွက် အထက်ဗမာပြည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ငြိမ်းချမ်းရေးနေ့သစ်များ လူမှုကွန်ယက်အဖွဲ့နဲ့ ပန်းရဲ့လမ်းအဖွဲ့တို့က ရန်ပုံငွေရှာဖွေခဲ့တာလို့ သိရပါတယ်။