လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေများ ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံအနှံအပြားမှာ ဖြစ်ပေါ်နေ တဲ့ လယ်မြေယာမြေ သိမ်းဆည်းမှုတွေ ကို ဖြေရှင်းနိုင်ဖို့အတွက် အသစ်ပြဋ္ဌာန်း လိုက်တဲ့ လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ဒီကနေ့ နေ့လည်က ပြုလုပ်ခဲ့ပါတယ်။

2013.01.11
farmers-plant-305 လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

နိုင်ငံအတွက် အကောင်အထည်ဖော်နေတဲ့ စီမံကိန်းလုပ်ငန်းတွေ၊ စက်မှုဇုံတွေ၊ ငါမွေးမြူရေးလုပ်ငန်းတွေနဲ့ တစ်ခြားစီးမံကိန်း လုပ်ငန်းတွေကြောင့် မြေလွတ်မြေရိုင်းမကျန် လယ်မြေယာမြေသိမ်းဆည်းမှုတွေ အများအပြားရှိနေပြီး ဒေသခံတွေရဲ့ မခံမရပ်နိုင်တဲ့ ဆန္ဒထုတ်ဖေါ်တွေလဲ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ  ဦးကိုကိုကြီးက  မြန်မာနိုင်ငံမှာ အသိမ်းအများဆုံးဖြစ်တဲ့ လယ်ယာမြေတွေကိုကြည့်ရင် အစိုးရတင်မက အစိုးရအမည်ခံပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေကပါ  သိမ်းယူခဲ့တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့ပါတယ်။

တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မစုစုနွေးကလဲ  မြန်မာနိုင်ငံမှာ လယ်ယာမြေ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာတာတောင်မှ လယ်သမားတွေရဲ့ကိစ္စရပ်တွေကို လက်ရှိအစိုးရအနေနဲ့ ထိထိရောက်ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေရှိနေတယ်လို့  ပြောပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာရှိတဲ့ လယ်သမားတွေအတွက် အသစ်ပြဋ္ဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေများဆိုင်ရာ  သတင်းစာရှင်လင်းပွဲကို ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေ၊ မစုစုနွေးဦးဆောင်တဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ မဏ္ဍိုင်ဥပဒေအကယ်ဒမီက သင်တန်းဆင်းရှေ့နေတွေနဲ့ ရန်ကုန်တိုင်းဒေသက လယ်ယာမြေသိမ်းခံထားရတဲ့ လယ်သမားတွေ စုစုပေါင်း ၃ဝဝနီးပါး တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။