ကချင်ဒေသကတိုက်ပွဲတွေကြောင့် နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်တွေ တိုးမြှင့်ချထား

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် တရုတ်အစိုးရက မြန်မာနယ်စပ်မှာ တရုတ စစ်တပ်တွေ တိုးမြှင့်ချထား လိုက်တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့Global Times တရုတ်အစိုးရ သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

2013.01.12
pla-china305 ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က လိုင်ဇာမြို့ တစ်ဖက်ကမ်း တရုတ်နယ်မြေတွင် တွေ့ရှိရသည့် တရုတ်စစ်သားများ
Photo:RFA/Nyein Nyein Pyae

အခြေအနေတွေကို သိရဖို့အတွက် တရုတ်၊ယူနန်ပြည်နယ် နဲ့မြန်မာ ကချင်ပြည်နယ် နယ်စပ်မှာ စစ်တပ် တွေချထားခဲ့တာဖြစ်ကြောင်း Global Times က သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် တပ်အင်အား ဘယ်လောက်ချထားတယ် စတာကိုတော့အသေးစိတ်အချက်အလက်တွေ ဖေါ်ပြထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၉) ရက်နေ့ညက ကချင်ဘက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီးတဲ့နောက်မှာတော့ ဒေသခံတွေ တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲ ပြေးဝင်လာခဲ့ကြတယ် ဆိုတာကိုတော့ ဖေါ်ပြထားပါတယ်။

မနှစ်က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေကို တရုတ်အစိုးရက အတင်းအကျပ်ပြန်ပို့ခဲ့တဲ့အတွက် လူ့အခွင့် အရေးအဖွဲ့တွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။