မြစ်ကြီးနား-မန္တလေး ရထား မိုင်းခွဲတိုက်ခိုက်ခံရ

မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကို ခုတ်မောင်းလာတဲ့ အမှတ် ၃၄အစုန် လူစီးအမြန်ရထားဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာရှိတဲ့ နန့်စီးအောင်ဘူတာ နဲ့ မော်လူးဘူတာအကြားအရောက်မှာ ဒီကနေ့မနက် အစောပိုင်း ၃နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခံရ ပါတယ်။

2013.01.13

အဲဒီလို တိုက်ခိုက်ခံရမှုမှာ ခရီးသည်တစ်ချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြပါတယ်။

မီးရထားစက်ခေါင်းအတွဲနဲ့ ခရီးသည်စီးအတွဲ နှစ်တွဲအပါအဝင် ရထားသံလမ်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းတော်မြို့နယ် မော်လူးဘူတာရုံက တာဝန်ကျဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ဒီကနေ့အထိ မြစ်ကြီးနား - မန္တလေး မီးရထားလမ်းတလျှောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရမှု  စုစုပေါင်း ၅ကြိမ်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။