မြစ်ကြီးနား-မန္တလေး ရထားများ ပြန်လည်ပြေးဆွဲ


2015.08.17
train-kachin-620 မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။
Photo:Kyaw Myo Min/RFA

ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မိုးများပြီး ရေကြီးရေလျှံခဲ့တာကြောင့် ရပ်နားထားတဲ့ မြစ်ကြီးနား-မန္တလေးရထားတွေ ဒီနေ့ ပြန်လည်ပြေးဆွဲနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်နေ့ကစပြီး ရပ်နားထားတဲ့ ရထားခရီးစဉ်တွေကို တစ်လအကြာမှာ ပြန်လည်ပြေးဆွဲနိုင် တာဖြစ်တယ်လို့ မြစ်ကြီးနားမီးရထားရုံပိုင်ကြီး ဦးမြင့်အောင်က ပြောပါတယ်။

"မီးရထားကတော့ ကုန်စည်စီးဆင်းမှု ခဏရပ်ဆိုင်းသွားတာပေါ့၊ ၁၇ ရက်နေ့ကစပြီး ရထားတွေအကုန်လုံး ပုံမှန်ပြေးဆွဲနေပြီဖြစ်ကြောင်း အားလုံးချောျချောမွေ့မွေ့သွားလို့ရပါပြီ"

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်က ကန်ကြီးနဲ့ ဇော်ချောင်းဘူတာအကြား တံတားအမှတ် ၂၈၁ ဟာ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့အတွက် ခရီးစဉ်တွေကို ရပ်နားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ခရီးစဉ်တွေ ရပ်နားထားတဲ့ တစ်လအတွင်း ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားတဲ့အတွက် မြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်တစ်ချို့ ဈေးမြင့်တက်ခဲ့ပါတယ်။

မြန်မာ့မီးရထားက မြစ်ကြီးနား- မန္တလေးခရီးစဉ်အတွက် ခရီးသည်တင် ရထား ၅ စီးကို အစုန်-အဆန်ပြေး ဆွဲနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။