ရထားလမ်းကြောင့် ရခိုင် အမွေအနှစ်တွေ ဆုံးရှုံး
2010.11.22

RFA
ရှေးဟောင်း အမွေအနှစ် ပျက်စီး ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ရခိုင်သံဃာ့သမဂ္ဂ ဥက္ကဌဆရာတော် အရှင်သီဟ က အခုလို မိန့်ပါတယ်။
"အခု ကျောက်တော်နဲ့ မြောက်ဦးထွက်တဲ့ လမ်းပိုင်း၊ နောက်ပြီး မြောက်ဦးနဲ့ မြင်းပြားကို ဆက်တဲ့ လမ်းပိုင်း၊ အဲဒီမှာလဲ ရှေးဟောင်း ဝေသာလီတွေ၊ မြို့ခံတဲ့ တံတားတွေ၊ မြို့ခံတပ်တွေဘာတွေ ပါသေးတယ်။
အဲဒီလမ်းက မြို့အလယ်ခေါင်မှာ
ဘူတာရုံ ချမဲ့နေရာမှာလည်း စောမင်းကုန်း စေတီတို့ တခြားစေတီ အများအပြားရှိသလို မင်းဒရားတံတိုင်းလည်း ပါတယ်။ ဦးဇင်းတို့ကလည်း UNESCO ကို စာတင်ဖို့ လုပ်ထားတယ်။"
ရခိုင်ပြည်နယ်တွင်း (၁၅၇) မိုင် ရှည်လျားမယ့် ရထားလမ်း ဖေါက်လုပ်နေတဲ့ကိစ္စဟာ ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာဖို့ ဆိုတာထက်၊ ရခိုင် အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကို ပိုပြီး ထိခိုက်စေတယ်လို့ ANC ရခိုင်ပြည် အမျိုးသား ကောင်စီကလဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ANC
အထွေထွေ အတွင်းရေးမှူး ကိုထွန်းဇော်က အခုလို ပြောပါတယ်။
"ရထားလမ်း ဖောက်လုပ်မှုအပေါ်မှာ ကျနော်တို့ရဲ့ သမိုင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်မဲ့အပေါ်မှာ လုံးဝဆန့်ကျင်တယ်။ ရထားလမ်း ဖေါက်လုပ်နေတဲ့ကိစ္စဟာ ဒေသခံ လူထုတွေအတွက် လမ်းပန်းဆက်သွယ်ရေး အပေါ်မှာ တစုံတရာ အထောက်အပန့် ပြုတယ်လို့ ပြောပေမဲ့လို့ သမိုင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်ပျက်ဆီးပြီး ဖောက်လုပ်မှုကိုတော့ ကျနော်တို့ လုံး၀ လက်မခံပါဘူး။"
စစ်အစိုးရရဲ့ ရထားလမ်း စီမံကိန်းကြောင့် ရှေးဟောင်း အမွေအနှစ် ပျက်ဆီးနေတာနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်သွားဖို့ ရခိုင်တိုင်းရင်းသားတွေ အားလုံးမှာ တာဝန်ရှိကြောင်း ကြေညာချက်တွေက ဆိုပါတယ်။