သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-18
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းဖို့ ၊ ကေအိုင်အေနဲ့ အမြန်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ဆောင်ရွက်ကြဖို့ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်တဲ့ အဆိုပြုချက်တစ်ရပ်ကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။
2013-01-18
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဝှေ့ကလုတ်ရွာမှာရှိတဲ့ ယူနီအိုးရှင်း အထည်ချုပ်စက်ရုံ က မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅ဝ က သူတို့ရဲ့လုပ်အားခလစာတိုးပေးဖို့ အလုပ်မဆင်းဘဲ စက်ရုံဝင်းအတွင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ မနက်ပိုင်းက ဆန္ဒပြ ခဲ့ကြတယ်လို့ သိရပါတယ်။
2013-01-18
လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ တာဝန်ရှိ သူတွေကို အရေးယူပေးဖို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် ဖမ်းဆီးခံထားရတဲ့ ဗကသများ အဖွဲ့ချုပ်ခေါင်းဆောင် ၃ ဦးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ဝင် ၁ ဦးကို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လချမှတ် လိုက်ပြီး၊ ချုပ်ရက်ခံစားခွင့်ပြုလိုက်တဲ့အတွက် ဒီနေ့ (ဇန်နဝါရီ ၁၈) ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
2013-01-18
ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ စစ်တပ်ကသိမ်းထားတဲ့ လယ်ဧက တစ်ထောင်ကျော်ပြန်ရရေး အတွက် လယ်သမား သုံးရာကျော် ဒီကနေ့ မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2013-01-18
အခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တရုတ်အစိုးရက မနေ့က ပြောပါတယ်။
2013-01-18
မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် တရုတ်ပြည် ယင်ကျန်းမြို့နဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ကို ဆက်သွယ်တဲ့လမ်းကို တရုတ်အာဏာပိုင်တွေက မနေ့ကစပြီး သွားလာခွင့်ပိတ်လိုက်တယ်လို့ သိရပါတယ်။
2013-01-18
ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ် အနီးမှာ မနေ့ညနေပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပေါက်ကွဲတဲ့နေရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ ဗန်းမော်မြို့ခံ တစ်ယောက်က အခုလို ပြောပါတယ်။
2013-01-17
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံ တကာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဌနဲ့အဖွဲ့ဟာ လာမယ့်သီတင်းပတ် အစောပိုင်းမှာ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
2013-01-17
ဥရောပသမဂ္ဂ EU နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲရဲ့ အကြံပြုချက်အရ ရန်ကုန်မြို့မှာ EU နိုင်ငံတွေက သံကိုယ်စားလှယ် ရုံးတွေကို ဖွင့်လှစ်သွားမယ်လို့ EU က မနေ့က ကြေညာလိုက်ပါတယ်။
2013-01-17
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ မှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူ ကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ အရေးကြီးအဆိုတစ်ခုကို ကမာရွတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင် က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ ပါတယ်။
2013-01-17
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်မှာ ညီလာခံ ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး ဒီကနေ့ ကျင်းပမယ့် NLD ပါတီညီလာခံနေ့ မှာ ဒေသခံပါတီဝင် အင်အားငါးရာကျော်ဟာ မနက် ၉နာရီကနေ ၁၂နာရီအထိ မြို့နယ်ပါတီရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2013-01-17
ကမ္ဘာကျော်အင်းလေးကန်ရဲ့ အရှေ့ဖက်ကမ်း သလဲဦးကျေးရွာ အုပ်စုမှာ တည်ဆောက်နေတဲ့ အင်းလေး ဟိုတယ် ဇုန်စီမံကိန်းကြောင့် မြေသိမ်းခံရတဲ့ တောင်သူတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က သုံးနှစ်စာ သီးနှံလျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ပေးအပ်ခဲ့ပေမယ့် တောင်သူ အများစုကတော့ ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။
2013-01-17
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မကြာခင်ရက်ပိုင်းတွေအတွင်း ထပ်မံ ကမ်းလှမ်းမယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက RFA ကိုပြောပါတယ်။
2013-01-17
အစိုးရနဲ့ ကေအိုင်အိုအကြား တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အရင်းခံအကြောင်းဟာ တဖက်နဲ့တဖက်ယုံကြည်မှု အားနည်းနေတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ဇန်နဝါရီလ ၁၇ရက်နေ့ ဒီကနေ့ ပြောလိုက် ပါတယ်။
2013-01-17
မကြာမီ ဈေးကွက်ထဲ ဖြန့်ချိတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။