ICRC က မြန်မာနိုင်ငံ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံ တကာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဌနဲ့အဖွဲ့ဟာ လာမယ့်သီတင်းပတ် အစောပိုင်းမှာ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

2013.01.17

ICRC အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ သောက်ရေသုံးရေ၊ မိလ္လာစနစ်၊ ဆေးဝါးရရှိမှု၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေး စတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးဖို့ အသင့်ရှိနေပြီး၊ အကျဉ်းသားတချို့နဲ့လည်း တစ်ဦးချင်းတွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ICRC ဥက္ကဌ မစ္စတာ Peter Maurer  က ပြောပါတယ်။

ICRC ဟာ ၇နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံအကျဉ်းထောင်တွေကို ပြန်လည်စစ်ဆေးခွင့်ရရှိတာ ဖြစ်ပါတယ်။

ICRC ရဲ့ စည်းမျဉ်းတွေအရ စစ်ဆေးတွေ့ရှိချက်တွေကို သက်ဆိုင်ရာအစိုးရကို တင်ပြတာကလွဲပြီး ပြင်ပကိုမပေါက်ကြားစေရဘဲ၊ လိုအပ်လာပြီလို့ ဆုံးဖြတ်ရမယ့် အခြေအနေမျိုးရှိမှသာ အများပြည်သူကို ထုတ်ဖေါ်ပြောဆိုမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။