ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံကြဖို့အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၃ရက်နေ့က KIO အဖွဲ့ကို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က တရားဝင် ကမ်းလှမ်းချက်ပေးပို့ထားပေမယ့် အဲဒီ ကမ်းလှမ်းချက်ကို ဒီကနေ့အထိ ကချင် KIO ဖက်က အကြောင်းပြန်တာ မရှိသေးဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။
ဒါကြောင့် မကြာခင် ထပ်မံကမ်းလှမ်းဖို့ စီစဉ်ထားတယ်ဆိုတာကို ဝန်ကြီး ဦးအောင်မင်းက Myanmar Peace center အဖွဲ့ဝင်တွေကို ရှင်းပြခဲ့တာ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူးကို တိုက်ပွဲဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
လုံးခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်စိုးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။