သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-03
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်း ထားတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဖို့အတွက် လေးမျက်နှာ မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ဦးဆောင် ပြီး ဒေသခံတွေနဲ့ အနီးအနားက ကျေးရွာပေါင်း ၄၀ ကျော် က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဆန္ဒပြတောင်းဆို ခဲ့ကြပါ တယ်။
2014-05-03
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း မှာ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ကျေးရွာ ၁၀ ရွာလောက်က လျော်ကြေးမရသေးတဲ့ ဒေသခံတွေ ဟာ လယ်ယာမြေလျော်ကြေး၊ သီးနှံလျော်ကြေးတွေ ရရှိရေး အတွက် ငဖဲမြို့၊ ဂုတ်ကြီးကျေးရွာမှာ ဒေသခံ ၂၀၀ ကျော်လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-05-03
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ်က ပန်းလှိုင်ဂေါက်ကွင်းမြေနေရာနဲ့ လှိုင်သာယာ စက်မှုဇုန်(၁)၊ (၂) အတွက် သိမ်းဆည်းထားတဲ့ လယ်မြေဧက ၉၀၀ ကျော်အတွက် လျော်ကြေးငွေပေးဖို့ လယ်သမား တစ်ထောင်နီးပါးဟာ ဒီနေ့ မနက်ပိုင်းက ပန်းလှိုင်ဂေါက်ကွင်းအနီးမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-05-03
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ရေးအတွက် အမေရိကန်နိင်ငံက အကူအညီနဲ့ ဆောင်ရွက်ဖို့ ဆွေးနွေး မှုတွေကို မနေ့က စတင်ပြုလုပ်နေပြီလို့ အမြန်လမ်းမ ကြီး ပြင်ဆင်ထိန်းသိမ်းရေးဌာန အကြီးအကဲက RFA ကို အတည်ပြု ပြောပါတယ်။
2014-05-03
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၁) က စိန်ငွေမြ CP ကြက်သားဖောက်စက်ရုံ အလုပ်သမား ၆ဝ ကျော်ဟာ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိဖို့အတွက် ဒီနေ့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-05-03
မန္တလေးတိုင်း မတ္တရာမြို့နယ်၊ သပြေသာကျေးရွာက တောင်သူ ၇ဝ ကျော်ဟာ ငါးမွေးမြူရေးအင်း လုပ်ကိုင်ဖို့ စစ်တပ်နဲ့သမဝါယမ ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ လယ်မြေဧက ၃ ရာကျော် ပြန်လည်ရရှိဖို့ အတွက် အဲဒီ ငါးမွေးကန်တွေကို ရေဖောက်ချပြီး မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-05-03
၂ဝဝ၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် အိမ်ခြေ ၂ ရာနီးပါးရှိတဲ့ လပွတ္တာမြို့နယ် ဆလူဆိပ်အုပ်စု၊ ဒရယ်ဖြူကျေးရွာတရွာလုံး ပျက်စီးပြီး လူ ၃ဝ လောက်သာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် မိသားစု ၉ ယောက်စလုံး ဆုံးရံှုးခဲ့တဲ့ ဒရယ်ဖြူကျေးရွာက ဦးလှရွှေကို သူလက်ရှိနေထိုင်နေတဲ့ သန်လျင်မြို့နယ် သဘာဝ တရားရိပ်သာက စေတနာ့ရွာမှာ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်း ထားပါတယ်။
2014-05-03
၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်နေ့က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ကျေးရွာတိုင်းလိုလို ရေလုပ်ငန်းတွေ ပျက်စီးခဲ့ရပါတယ်။ ခြောက်နှစ်ကြာခဲ့ပြီ ဖြစ်ပေမယ့် ကျေးရွာအတော်များများမှာ တံငါလုပ်ငန်း နလံမထူသေးသလို ရေလုပ်ငန်းနဲ့ အသက်မွေးသူတွေ တဖြည်းဖြည်း နည်းလာနေပါတယ်။ ဒေးဒရဲမြို့နယ်ကို သွားရောက်လေ့လာခဲ့တဲ့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်း တင်ပြထားပါတယ်။
2014-05-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ငါးရက်ကြာကျင်းပခဲ့တဲ့ ရခိုင်အမျိုးသား ညီလာခံကနေ ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ကဏ္ဍတွေအတွက် မူဝါဒ ၁၆ ချက်ကို အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုပါတယ်။ RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-05-02
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာပါတဲ့ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည် အချင်း သတ်မှတ်ချက် ပုဒ်မတွေ ပယ်ဖျက်ပေးဖို့နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မကို ပြင်ဆင်ပေးဖို့ မကွေးတိုင်းဒေ သကြီး၊ တောင်တွင်းကြီးမြို့နယ် က ထောင်ဂဏန်းလောက် ရှိတဲ့ ဒေသခံတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-05-02
မွန်လူငယ် ၅၀၀ ကျော် တက်ရောက်နေတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့က မွန်လူငယ် ညီလာခံမှာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု များလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်လာနိုင်ဖို့အရေးတွေကို တက်ရောက်လာ တဲ့ လူငယ်တွေက ဆွေးနွေးကြပါတယ်။
2014-05-02
ကရင်စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီဟာ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့မှာ ကရင်လူထုနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ လူထုဆန္ဒသဘော ထားတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။
2014-05-02
ရခိုင်အမျိုးသားညီလာခံကနေ ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒ ၁၆ ချက် အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတွေ က ကျောက်ဖြူမြို့မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါ တယ်။
2014-05-02
လွန်ခဲ့တဲ့၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ထဲမှာ အသက်သေဆုံးခဲ့ကြသူအားလုံး အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် က မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက လူငယ်တွေ ဦးဆောင်ပြီး နာဂစ် ၆ နှစ်ပြည့် ဘာသာပေါင်းစုံ မေတ္တာပို့ ဆုတောင်းပွဲကို ဒီနေ့ လပွတ္တာမြို့မှာ ကျင်းပခဲ့ပါတယ်။
2014-05-02
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ငါးရက်ကြာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံကနေ ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး … စတဲ့ကဏ္ဍတွေအတွက် မူဝါဒ ၁၆ ချက်ကို အတည်ပြု ချမှတ်နိုင်ခဲ့တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆို ပါတယ်။