ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ငါးရက်ကြာကျင်းပခဲ့တဲ့ ရခိုင်အမျိုးသား ညီလာခံကနေ ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ကဏ္ဍတွေအတွက် မူဝါဒ ၁၆ ချက်ကို အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုပါတယ်။ RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။