ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ရေး အမေရိကန်ကူညီမည်
2014.05.03

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီး ပြုပြင်ရေးအတွက် အမေရိကန်နိင်ငံက အကူအညီ နဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးမူတွေကို မနေ့က စတင်ပြု လုပ်နေပြီလို့ အမြန်လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းရေး ဌာန အကြီးအကဲက RFA ကို အတည်ပြု ပြောပါတယ်။
နေပြည်တော် အမြန်လမ်းကြီးဟာ မြန်မာပြည်တွင်းရှိ လမ်းမကြီးတွေထဲမှာ မတော်တဆမှု အများဆုံးဖြစ်နေ တဲ့ လမ်းတစ်ခုဖြစ်ပြီး အခုနှစ်အတွင်း မတော်မတဆ မှုတွေ ပိုမိုများပြားလာတာကြောင့် ပြင်ဆင်ထိန်းသိမ်း မှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမြန်လမ်းမ ကြီး ပြင်ဆင်ထိမ်းသိမ်းရေး အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။ ပြင်ဆင်မှုတွေ အတွက် အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ရေး ဌာနဖြစ်တဲ့ USAID ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေ တာဖြစ်တယ်လို့ သူက ပြောပါတယ်။
"ဒီနေ့ဆိုရင် ကျနော်တို့ဆီကို USAID ကနေ နည်းပညာကူညီဖို့အတွက် လာရောက်ဆွေးနွေးတယ်၊ လက်ရှိ အမြန်လမ်းမကြီးကို Road Safety အတွက် ကျနော်တို့ကို Technical Training ပေးပြီးမှ ၁ဝ ကီလိုမီတာကို Pilot Project ပေါ့နော်၊ ကျနော်တို့အနေနဲ့ Road Safety အတွက်ကို သူတို့ကဒီဇိုင်းထုတ်ပြီးလုပ်ပေးမယ်၊ ဒီဇိုင်းထုတ်တဲ့ နည်းပညာတွေကိုလည်း ကျနော်တို့ကို သင်တန်းပေးမယ်လို့ ဒီနေ့အတွက် ကျနော်တို့ဆွေးနွေး ထားတယ် "
မတော်တဆမှုတွေ ကာကွယ်ရေးအတွက် လမ်းဒီဇိုင်းထုတ်တဲ့ ပညာရပ်တွေကို သင်ကြားပေးပြီး မြန်မာ အင်ဂျင်နီယာတွေက လမ်းအရှည် ၁၀ ကီလိုမီတာကို စမ်းသပ်ဒီဇိုင်းထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ သတင်းတွေအရ USAID ထံက အမေရိကန်ဒေါ်လာ တစ်သန်းခွဲလောက် အကူအညီရရှိဖို့ရှိတယ်လို့ သိရပါတယ်။
အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်ထားတာ နားဆင်နိုင်ပါတယ်။