ရခိုင်ညီလာခံအချက်(၁၆)ချက်ဆုံးဖြတ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ငါးရက်ကြာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံကနေ ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး … စတဲ့ကဏ္ဍတွေအတွက် မူဝါဒ ၁၆ ချက်ကို အတည်ပြု ချမှတ်နိုင်ခဲ့တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆို ပါတယ်။