သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-03
သမ္မတ ဦးသိန်းစိန်ဟာ နိုဝင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-12-02
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ မနေ့က သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ နှစ်ဖက်လူ့အဖွဲ့ အစည်း ဘယ်လိုအေးအေးချမ်းချမ်း အတူနေထိုင်နိုင်မလဲ ဆိုတဲ့ အကြံပြုချက်တွေကို တောင်းခံခဲ့ပါတယ်။
2013-12-02
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ စီမံကိန်းတွေအားလုံးကို ရပ်နားခိုင်း လိုက်ကြောင်း ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ပို့ဆောင်ရေး ဒုတိယဝန်ကြီး ဦးဟံစိန်က ပြောကြား လိုက်ပါတယ်။
2013-12-02
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌရဲ့ မေတ္တာရပ်ခံစာအပေါ် အစိုးရအုပ်ချုပ်ရေး ဘက်က တုန့်ပြန်ပြောကြားချက်ဟာ ဒီမိုကရေစီ အရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလား သလိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-12-02
ကျားဖြူပါတီလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားမျာ းဒီမိုကရက်တစ်ပါတီ SNDP နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ ပူးပေါင်းရေးအတွက် ပါတီဝင်တွေရဲ့ သဘောထားနဲ့ လူထုသဘောထားရယူဖို့ ကျားဖြူပါတီဖက်က စီစဉ်ထားတယ်လို့ သိရပါတယ်။
2013-12-02
ထိုင်းနိုင်ငံရောက ်ရှမ်းအမျိုးသားတွေ စုပေါင်းပြီး ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ချင်းမိုင်မြို့မှာ ဒီနေ့ စည်စည်ကားကား ကျင်းပနေပြီး ဒီပွဲကို လာရောက်ဖျော်ဖြေပေးတဲ့ ရှမ်းခေတ်ပေါ်တေးဂီတ အဆိုတော် စိုင်းဆိုင်မောဝ်ကိုလည်း ရှမ်းစာဆိုတော်များ ဂုဏ်ပြုပွဲတစ်ခုအနေနဲ့ ဂုဏ်ပြုဆုပေး အပ်သွားမယ်လို့ သိရပါတယ်။
2013-12-01
မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက နိုင်ငံလုံးအနှံ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုတစ်ရပ်ကို ဒီဇင်ဘာ ၁ ရက်နေ့က စတင်လိုက်ပါတယ်။ ဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံသားတွေသာမက သြစတေးလျ အစိုးရနဲ့ သြစတေးလျပြည်သူတွေပါ ပါဝင်အောင်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက ပြောပါတယ်။
2013-12-01
တစ်ကမ္ဘာလုံး AIDS ရောဂါတိုက်ဖျက်ဖို့ ကြိုးပမ်းရာမှာ ပွင့်လင်းမြင်သာမှု ပိုမိုရှိကြပြီး ကရုဏာတရား ပိုမိုထားရှိဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2013-12-01
ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ပွဲကို ဒီကနေ့မနက်ပိုင်းက ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပရာ မြန်မာနိုင်ငံသား ၁၀၀၀ ကျော် က ရဲစခန်းဝင်းကနေ မြို့လယ်လမ်းအတိုင်း မယ်တော်ဆေး ခန်းကို ချီတက်ခဲ့ကြပါတယ်။
2013-12-01
မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ဆက်စပ်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန်ဆိုပြီး ပါရှိတဲ့အချက်ကို ဒီနေ့ ရန်ကုန်မြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ပါတီတစ်ချို့က ကန့်ကွက်ဟောပြောခဲ့ကြပါတယ်။
2013-12-01
နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ Relief International က မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်တွေအတွက် ရေ ချိုးခန်းနဲ့ အိမ်သာ အဆောက်အဦးတွေ ဆောက်လုပ်ပေး မယ့်အစီအစဉ်တွေကို မြေပုံမြို့ခံ ၈၀၀ လောက်က မနေ့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။
2013-12-01
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံအားကျဆင်းမှုရောဂါ ကူးစက်မှုနှုန်း၊ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းထားတွေကို စာရင်းကောက်ယူပြီး ပိုမိုထိရောက်တဲ့ အကူအညီတွေပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
2013-11-30
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ ၁၉၉၆ခု ဒီဇင်ဘာလ ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင်သုံးဦးကို ဆက်သွယ်ပြီး သူတို့ရဲ့ ရှုမြင်သုံးသပ်ချက်တွေနဲ့အတူ ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2013-11-30
သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ကြီးက ဂုဏ်ထူးဆောင ်ဥပဒေပါရဂူဘွဲ့ ကို ဒီကနေ့ အပ်နှင်းလိုက်ပြီး Desmond Tutu လူမှုထူးချွန် ဆုကိုလည်း ချီးမြှင့်လိုက်ပါတယ်။
2013-11-30
ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ AIDS နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ HIV/ AIDS ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာန ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တားဆီးရေး စီမံချက်က ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ မြင့်ရွှေကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။