သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-06
မြန်မာနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက် မီးခိုးငွေ့အထွက်နည်းပါးတဲ့ နောက် ဆုံးပေါ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်ရေးအတွက် Sumitomo Mitsui Bank အဖွ့ဲ က ယန်းငွေသန်းပေါင်း ၂၆ဝဝ နီးပါး ထုတ်ချေးဖို့ သဘောတူညီလိုက်ကြောင်း ဂျပန်နိုင်ငံထုတ် Nikkei သတင်းစာက ဒီနေ့ ရေးသားဖေါ်ပြလိုက်ပါတယ်။
2014-04-06
တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေး ပွဲမှာ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့အတွက် မနက်ဖြန် တစ်ရက်ထပ်တိုးလိုက်ကြောင်း ဆွေးနွေး ပွဲအပြီး ကျင်းပတဲ့ ဒီနေ့ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြော ကြားလိုက်ကြပါတယ်။
2014-04-06
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပယင်းမှော်ရွာတွေဖက်မှာ အစိုးရ နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် တနိုင်းမြို့ဖက်ကို ထွက်ပြေးတိမ်းရှောင်လာကြ တဲ့ ဒေသခံတွေဟာ များပြားလာသလို ပယင်းမှော်ကျေး ရွာတွေဖက်ကိုသွားလာတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။
2014-04-06
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံတချို့က အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် လှိုင်သာယာမြို့နယ် မီးခွက်ဈေးအောက်ထိပ်ကနေ မြို့နယ်အားကစားကွင်းထိ ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-04-06
မူလရွာတွေကို စစ်တပ်ကသိမ်းလိုက်လို့ နေထိုင်လုပ်ကိုင်စားသောက်စရာတွေပျောက်ဆုံးပြီး၊ ကရင်ပြည်နယ် ကျောက်ခက်ရွာကို ရောက်သွားတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးလေး၊ အင်းပတီးနဲ့ ဒေါ်ကာလီရွာသားတွေကို ဘဝသစ်ပြန်လည်ထူထောင်ရေးအတွက် နေစရာ၊ အလုပ်အကိုင်နဲ့ ကလေးတွေရဲ့ပညာရေးတွေကူညီမယ်လို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အဖွဲ့က ဗိုလ်မှူးကြီးဆန်းအောင်က RFA ကိုပြောပါတယ်။
2014-04-05
နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ အာဆီယံ ဘဏ္ဏာရေးဝန်ကြီးများ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ကို ဆွေးနွေးခဲ့ကြတယ် လို့သိရပါတယ်။
2014-04-05
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံရာမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့ သုံးနှုန်းစရာမလိုပဲ အခြားလူမျိုး ဆိုတဲ့ ကုဒ်နံပါတ် ၉၁၄ ကိုသာထည့်သွင်းပြီး ကောက်ခံနိုင်ဖို့ မနေ့က မောင်တောမြို့နယ်မှာ မွတ်စလင် ပြည်နယ် လွှတ်တော် အမတ်တွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိ သူတွေ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
2014-04-05
ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၄ ဦးကို လူမှောင်ခိုပွဲစား သုံးဦးနဲ့အတူ ဖမ်းမိတယ် လို့ ထိုင်းလဝက ရဲအရာရှိတွေက ပြောပါတယ်။
2014-04-05
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို လူငယ်ညီလာခံကို ကျင်းပနိုင်ဖို့အတွက် မြို့နယ်ပေါင်း ၁၀၀ ကျော်လောက်မှာ မြို့နယ်အဆင့် လူငယ်ညီလာခံတွေ ကျင်းပပြီးစီးနေပြီလို့ သိရပါတယ်။
2014-04-05
လှည်းကူးမြို့၊ မြို့မဈေးမှာ မနေ့က ညနေပိုင်းက ခိုက်ရန်ဖြစ်ပွားမှုက စတင်တဲ့ မငြိမ်မသက်မှုအပြီး လူ ၉ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကို ပြောပါတယ်။
2014-04-05
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ကို အကောင်အထည်ဖော်သွားပြီးတဲ့နောက်မှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးဟာ အစိုးရရဲ့ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
2014-04-05
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ မဖြစ်နိုင်သေးကြောင်း ကေ အိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ပြော ပါတယ်။
2014-04-05
အခြေခံဥပဒေပါ အချက်တွေ ပြင်ဆင်ရေးအတွက် ရေနံချောင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြ ပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက ရေနံချောင်းမြို့ကနေ သတင်းပေးပို့ထားပါတယ်။
2014-04-05
ပြီးခဲ့တဲ့ မတ်လ ၃ဝ ရက်နေ့က စတင်လိုက်တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု အစီအစဉ်မှာ စာရင်းကောက်ဝန်ထမ်းတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက လူဦးရေပညာရှင် ညွှန်ကြားရေးမှူးဒေါက်တာညီညီကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-05
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။