မြို့နယ်အဆင့် NLD လူငယ်ညီလာခံများ ကျင်းပပြီးစီး


2014.04.05
nld-youth-305.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် လူငယ်တစ်ဦး NLD လက်ပတ် စည်းပေးနေစဉ်
(Photo: AFP)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို လူငယ်ညီလာခံကို ကျင်းပနိုင်ဖို့အတွက် မြို့နယ်ပေါင်း ၁၀၀ ကျော်လောက်မှာ မြို့နယ်အဆင့် လူငယ်ညီလာခံတွေ ကျင်းပပြီးစီးနေပြီလို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်ခေါင်းဆောင်တွေ ပြန်လည်ဖွဲ့စည်းနိုင်ဖို့ အခုလို မြို့နယ်အဆင့်တွေမှာ ညီလာခံတွေ ကျင်းပနေ တာဖြစ်ကြောင်း NLD လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်ရဲ့ အတွင်းရေးမှူး ကိုစခင်ဇော်လင်း က ပြောပါတယ်။

"နိုင်ငံမှာ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်ကောင်းတွေ ပေါ်လာဖို့ အတွက်ပေါ့နော် ကျနော်တို့ ဒီညီလာခံကို ကျင်းပရတာဖြစ်တယ်၊ နောက်တစ်ခု စနစ်တကျ လူငယ်အဖွဲ့အစည်းတွေ ပေါ်လာပြီးတော့ အဖွဲ့ချုပ်နဲ့ ဆက်သွယ်ပြီးတော့ပေါ့လေ နိုင်ငံနဲ့ နိုင်ငံသားတွေ ရဲ့ ရှေ့ရေးပေါ့နော်၊ ကိစ္စရေးရာတွေကိုလုပ်နိုင်အောင် စနစ်တကျ လူငယ်အဖွဲ့အစည်းတစ်ခုကို ပြန်ဖို့ တာပေါ့"

NLD မြို့နယ်အဆင့် လူငယ်ညီလာခံကို မြို့နယ်ပေါင်း ၂၈၀ လောက်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာ မြို့နယ် ၁၀၀ ကျော်လောက်သာ ပြီးစီးသေးကြောင်း သိရပါတယ်။

NLD ဗဟို လူငယ်ညီလာခံကိုတော့ လာမယ့် မေလကုန်ပိုင်းလောက်မှာ ကျင်းပသွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါ တယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံနိုင်ဖို့ လူငယ်တွေထဲကပဲ ဦးစားပေးရွေးချယ်ရမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် အတွင်းရေးမှူး ကိုစခင်ဇော်လင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။