KIA နယ်မြေမှာ သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော
2014.04.05

ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းမှာ သန်းခေါင် စာရင်း ကောက်ယူဖို့ မဖြစ်နိုင်သေးကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ပြော ညပါတယ်။
ရန်ကုန်မြို့ MPC မြန်မာငြိမ်းချမ်းရေးစင်တာမှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး မူကြမ်း စာချုပ်ဆိုင် ရာ ဆွေးနွေးပွဲ တက်ရောက်စဉ် သတင်းထောက်တွေက သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ မေးမြန်းစဉ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ဖြေကြားခဲ့ပါတယ်။
"သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကတော့ ဘာမှဆက်လုပ်စရာမရှိသေးဘူး၊ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ တိုက်ပွဲတွေ လည်းဖြစ်နေတဲ့အခါမှာ ကျနော်တို့ KIO ထိန်းချုပ် တဲ့ဒေသတွေမှာတော့ သန်းခေါင်း စာရင်းကောက် ယူဖို့ကတော့ အဆင်အသင့်မဖြစ်သေးပါဘူး၊ KIO အနေနဲ့ကတော့ သန်းခေါင်စာရင်းကောက်တဲ့အစီအစဉ်ကို ဆန့်ကျင်တာမဟုတ်ဘူး၊ ကျနော်တို့ရဲ့ဒေသမှာ လောလောဆယ် အခြေအနေအရ ကောက်ခံဖို့မဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောချင်တယ်၊အခုက သန်းခေါင်စာရင်းကောက်တဲ့ အစီအစဉ်ကို အစိုးရက ဘယ်လို ဆက်လုပ်မလဲဆိုတဲ့ အပေါ်မှာအဓိကကျပါလိမ့်မယ်"
အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေ တပ်တွေ စစ်ရေးတင်းမာ မှှုတွေ ဖြစ်နေပြီး တိုက်ပွဲငယ်တွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ တားဆီးမှုကြောင့် လက်ရှိအချိန်အထိ ကချင်ပြည်နယ် ဒေသတချို့မှာ သန်းခေါင်စာရင်းကောက်ယူလို့ မရနိုင်သေးဘူးလို့ မြစ်ကြီးနားခရိုင် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
၂ဝ၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူနေ တာဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း သန်ခေါင်းစာရင်းကောက်ယူမှု၊ တိုက်ပွဲဖြစ်ပွားမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက် လို့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဒွဲ ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။