သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-28
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် စစ်ကိုင်းတိုင်း တမူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ချင်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးထောင်ကိုထန်း (၆၇)နှစ်ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
2018-12-28
တပ်မတော်က စစ်တိုင်း ငါးခုမှာ စစ်ဆင်တာတွေရပ်ပြီး အပစ်ရပ်လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ကြေညာပြီးနောက်ပိုင်း၊ ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးဟာ လွယ်ကူမှာမဟုတ်ဘူးလို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုတိယ-ဥက္ကဋ္ဌ နိုင်ဟံသာက သုံးသပ်ပါတယ်။
2018-12-28
ဒီဇင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့မှာ အသတ်ခံလိုက်ရတဲ့ ရတနာပုံတက္ကသိုလ်က ကုန်ထုတ် ဓာတု နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းရဲ့ အမှုနဲ့ပတ်သက်လို့ တရားခံတွေကို ဖမ်းမိဖို့ ခက်နေတယ်လို့ အမရပူရမြို့နယ်က ရဲမှူးတင်အေးကျော်က RFA ကို ပြောပါတယ်။
2018-12-28
၂ဝ၁၈ ခုနှစ်အတွင်း စိန်ခေါ်အကဲစမ်းမှုတွေကြားက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍတွေမှာ အတက်အကျတွေ ကြုံခဲ့ရပါတယ်။
2018-12-28
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲက တပ်မတော် စစ်ကြောင်းကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က မနေ့မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တပ်သားတချို့ ကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-12-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်အပေါ် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွ့ဲတွေ ဖြစ်တဲ့ KIA ၊ MNDAA ၊ TNLA နဲ့ AA တို့ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က အစည်းအဝေးကျင်းပခဲ့ပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-12-28
ကချင်ပြည်နယ် ချီဖွေမြို့နယ်နဲ့ ပန်ဝါမြို့နယ်ခွဲအတွင်းမှာရှိတဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကို အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက မြစ်ကြီးနားမြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2018-12-28
တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီရရှိနိုင်ရေးအတွက် တပ်မတော်ဘက်ကို ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်၊ ဖုန်း၊ အီးမေးလ်လိပ်စာတို့ကို တရားဝင်အသိပေးဖို့နဲ့ ပြန်လည်ဖြေကြားပေးဖို့ သတင်းမီဒီယာကောင်စီက ဒီနေ့ အကြောင်းကြားစာ ထုတ်ပြန်လိုက် ပါတယ်။
2018-12-28
ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ ကော်မရှင် တာဝန်တွေကို မဆောင်ရွက်နိုင်ဘူးဆိုရင် လာမယ့် ၂၀၁၉ ခုနှစ်ဇွန်လ နောက်ဆုံးထားနုတ်ထွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က သတိပေး ပြောလိုက်ပါတယ်။
2018-12-28
ကချင်ပြည်နယ် ချီဖွေမြို့နယ်နဲ့ ပန်ဝါမြို့နယ်ခွဲအတွင်းမှာရှိတဲ့ သတ္တုတူးဖော်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
2018-12-28
တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့နေတဲ့ မူဆယ် ကျင်စန်းကျော့ဂိတ်ကို ပိတ်ထားတာကြောင့် ပိတ်မိနေတဲ့ သစ်သီးတင်ကုန်တင်ကားတွေကို မူဆယ်မြို့နဲ့ ၁၁ မိုင်အကွာ ကြူကုတ်-ပန်ဆိုင်း လမ်းကြောင်းကနေ ပြောင်းလဲတင်ပို့ခွင့်ကို ယူနန်ပြည်နယ်အစိုးရက မနေ့က ခွင့်ပြုပေးလိုက် တယ်လို့ ကုန်သည်တွေကို ကိုးကားပြီး ပြည်တွင်းထုတ် 7 Day သတင်းစာမှာ ဖော်ပြပါတယ်။
2018-12-28
ရတနာပုံတက္ကသိုလ်ရှေ့မှာ သရုပ်ဖော်ဆန္ဒပြခဲ့တဲ့ ကျောင်းသား သုံးယောက်ကို ပုဒ်မ ငါးခုနဲ့ အမှုဖွင့်လိုက်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲမှူး၊ ဒုရဲမှူးကြီး မျိုးအောင် က ပြောပါတယ်။
2018-12-28
လက်ထောက်ကထိကရာထူးတိုးအတွက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲတွေ ဖြေရမယ်ဆိုတာကို ကန့်ကွက်ခဲ့ကြတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေက နည်းပြ၊သရုပ်ပြဆရာဆရာမတွေ ဒီနေ့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် လာမယ့် ဇန်နဝါရီလ ၅ ရက်နေ့မှာ စာမေးပွဲဖြေဆိုဖို့ သဘောတူလိုက်ကြပါတယ်။
2018-12-28
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ထဲက တပ်မတော်စစ်ကြောင်းကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က မနေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်တဲ့အတွက် တပ်သားတချို့ ကျဆုံးပြီး တချို့ ဒဏ်ရာရရှိ ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန် လိုက်ပါတယ်။
2018-12-28
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့တိုက်ပွဲတွေ ပြင်းထန် နေပြီး တပ်မတော်ဘက်က ရွာသားတွေကို ဖမ်းဆီးတာ၊ လူအများအပြားကို ခေါ်ယူမေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။