သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-26
NLD လူငယ်တွေရဲ့ BG သွေး ကူညီရေး အဖွဲ့က ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့ အင်းစိန်ထောင် အထူး တရားရုံးကနေ ထောင်ဒဏ် (၁၀) နှစ် ဒီနေ့ချမှတ် လိုက် ပါတယ်။
2011-08-26
ဆွီဒင်နိုင်ငံ စတော့ဟုန်းမြို့မှာ ကျင်းပတဲ့ လူထု အခြေပြု အဖွဲ့အစည်း များနဲ့ ပတ်သက်တဲ့ ဥပဒေရေးရာ ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို NLD ပါတီဝင် နှစ်ဦး တက်ရောက်ပြီး မနေ့က ပြန်လည်ရောက် ရှိလာတယ်လို့ သိရပါတယ်။
2011-08-26
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့် တင်သွင်းတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အဆိုကို နိုင်ငံတော်သမ္မတထံ တင်သွင်းဖို့ လွှတ်တော်က သဘောတူ လက်ခံပြီလို့ သိရပါတယ်။
2011-08-25
မြန်မာ့ ကုန်းတွင်းပိုင်း ရေနံနဲ့ ဓါတ်ငွေ့ လုပ်ကွက် (၁၈) ခုမှာ တူးဖေါ် ထုတ်လုပ်ဖို့ လုပ်ကိုင်ခွင့် တင်ဒါ ရရှိပြီးတဲ့ နိုင်ငံခြား ကုမ္ပဏီတွေဟာ ပြည်တွင်း ကုမ္ပဏီတွေနဲ့ ပူးတွဲဖက်စပ် ဆောင်ရွက်ဖို့ လိုအပ်လိမ့်မယ်လို့ စွမ်းအင် ဝန်ကြီးဌာန အရာရှိကြီး တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
2011-08-25
မြန်မာနိုင်ငံက အခြေခံ ကျန်းမာရေး လုပ်ငန်းတွေ တိုးတက် ကောင်းမွန်လာစေဖို့ အတွက် မြန်မာနိုင်ငံ အတွင်း လုပ်ငန်း လုပ်ကိုင်နေကြတဲ့ အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ အကူအညီ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်သွားဖို့ ကူညီမယ့်အကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ Denmark နိုင်ငံ သံရုံးက လက်မှတ် ရေးထိုး လိုက်ပါတယ်။
2011-08-25
ဒီကနေ့ မနက် ၉ နာရီခွဲလောက်က ထရိတ်ဒါး ဟိုတယ်မှာ ရှိတဲ့ အိုင်အယ်အိုရုံးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ HRDP လူ့အခွင့်အရေး မြင့်တင်သူများ ကွန်ယက် အပါအဝင် လူ့အခွင့်အရေး အတွက် လှုပ်ရှားတဲ့ အဖွဲ့အစည်းတို့ တွေ့ဆုံခဲ့ပါတယ်။
2011-08-25
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာတယ် ဆိုပေမယ့် လူ့အခွင့်အရေး ချိူးဖောက်တဲ့ ဖြစ်ရပ်တွေ ရှိနေတာကြောင့် အခြေအနေကို စိုးရိမ်နေရဆဲပဲလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက်ပါတယ်။
2011-08-25
မြန်မာပြည်သူတွေရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာရေး အတွက် သမ္မတ ဦးသိန်းစိန်နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2011-08-25
တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ (၁၆) ကြိမ်မြောက် Busan နိုင်ငံတကာ ရုပ်ရှင်ပွဲတော် BIFF မှာ ထိုင်ဝမ်-မြန်မာ လူမျိုး ရုပ်ရှင် ဒါရိုက်တာ Kyawk Dad Yin ရဲ့ Return to Burma ဇာတ်ကားဟာ မနေ့က ဆုအမည် စာရင်း တင်သွင်းခံရ ပါတယ်။
2011-08-25
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှု မပြုဘဲ ပြန်လာခွင့်ပြုမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က RFA ကို သြဂုတ်လ ၂၄ ရက်နေ့က ပြောဆိုလိုက် ပါတယ်။
2011-08-24
ဧရာဝတီတိုင်း ပုသိမ်မြို့ ဆိပ်ကမ်းကို ရေနက်ဆိပ်ကမ်း အဖြစ် မကြာခင် ဆောက်လုပ်ဖို့အတွက် ထိုင်းကုမ္ပဏီ တခုနဲ့မြန်မာ အစိုးရတို့ဆွေးနွေးပြီးပြီလို့ သိရပါတယ်။
2011-08-24
မြန်မာနိုင်ငံမှာ နိုင်ငံရေးထဲ ပါဝင်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့အပြင် လိုင်စင်တွေပါ ရုပ်သိမ်းခံရတဲ့ တရားရုံးချုပ်ရှေ့နေ (၂၁) ဦးက နှစ်ပေါင်းများစွာ အပိတ်ခံထားရတဲ့ ရှေ့နေအဖြစ် အသက် မွေးဝမ်းကျောင်းခွင့်ကို ပြန်ပြီး ခွင့်ပြုပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ကို တင်ပြလျှောက်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-08-24
သမ္မတဦးသိန်းစိန်ဟာ တကယ် အပြုသဘော ဆောင်ပြီး အပြောင်းအလဲတွေကို မြင်ချင်နေတယ်လို့ ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-08-24
မကြာခင်က အတည်ပြု ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ ရေးရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell ဟာ မြန်မာနိုင်ငံကို အမြန်ဆုံးသွားလိုတဲ့ ဆန္ဒရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2011-08-24
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဂျာမနီနိုင်ငံက အားပေး တိုက်တွန်းကြောင်း ဂျာမန် နိုင်ငံခြား ရေးဝန်ကြီး Werner Hoyer က ပြောဆိုလိုက်ပါတယ်။