ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန် ဆွေးနွေးမှု ဂျာမဏီ ကြိုဆို
2011.08.24

ွဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာန
သြဂုတ်လ ၂၃ ရက်နေ့စွဲနဲ့ရန်ကုန် ဂျာမန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့တွေ့ဆုံ ဆွေးနွေးမှုဟာ အပြု သဘောဆောင်တဲ့ တိုးတက်မှု ဖြစ်ကြောင်း၊ အထူးသဖြင့် ရဲရဲဝင့်ဝင့်နဲ့ဒီခြေလှမ်းကို စခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျုးတယ်လို့ဖော်ပြ ပါရှိပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးတွေ ရေရှည် တိုးတက်ဖို့လည်း အရေးကြီးကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွတ်ပေးဖို့ကိုလည်း ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးက တောင်းဆိုလိုက် ပါတယ်။
ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ဂျာမနီ နိုင်ငံဟာ မြန်မာနိုင်ငံနဲ့စီးပွားရေး ဆက်သွယ်မှု အများဆုံး ပြုလုပ်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ ကနေ ဂျာမနီကို ကုန်ပစ္စည်း တင်သွင်းမှု တန်ဖိုးဟာ ယူရို (၂၃) သန်း ရှိခဲ့ပါတယ်။
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရက ကြိုဆို ထောက်ခံကြောင်း မနေ့က နေ့စွဲနဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထား ပါတယ်။