အမေရိကန် ကိုယ်စားလှယ် Mr. Derek Mitchell မြန်မာနိုင်ငံကို အမြန်ဆုံး သွားလို
2011.08.24

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန
မနေ့က ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး ဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ အမျိုးသမီး Ms. Victoria Nuland က မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ လာရောက်နိုင်ရေး မကြာခင် ရက်ပိုင်းမှာ မြန်မာအာဏာပိုင်တွေထံကို ဆက်သွယ် အကြောင်းကြားမယ်လို့ ပြောပါတယ်။
မစ္စတာမစ်ချဲလ်ဟာ ကာကွယ်ရေး ဝန်ကြီးဌာန လက်ထောက် ကာကွယ်ရေး ဝန်ကြီး ရာထူးကနေ အခု တပတ်က စပြီး မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ ရေးရာ အထူး ကိုယ်စားလှယ် အဖြစ် စတင် တာဝန် ထမ်းဆောင်တယ်လို့လည်း Ms. Nuland က ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက အားပေး ထောက်ခံကြောင်း၊ စစ်မှန်ပြီး ထင်သာမြင်သာ ရှိတဲ့တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ရေးနဲ့ နိုင်ငံရေး ခရီးတွေ လွတ်လွတ် လပ်လပ် သွားလာနိုင်တာတွေကိုလည်း ထောက်ခံကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။