ပြည်ပရောက်သူတွေ ပြန်လာရေး ဒေါက်တာ နေဇင်လတ် ပြောဆို
2011.08.25
သမ္မတ ဦးသိန်းစိန် မကြာခင်က နေပြည်တော်မှာ ပြောကြားခဲ့သလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့မှုနဲ့ ပတ်သက်လို့ မကြာခင်
အသေးစိတ် ထုတ်ပြန်ဖို့ အစိုးရက စီစဉ် ဆောင်ရွက်နေကြောင်း၊ ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့သူများကလွဲလို့ ပြည်ပကို ထွက်ခွာသွားသူ အားလုံးကို တစုံတရာ အရေးယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အစိုးရ ဝင်ရောက် စွက်ဖက်မှု မရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တရပ်ကို အခု ရက်ပိုင်း အတွင်း တရားဝင် ထူထောင် ဖွဲ့စည်းဖို့ အစီအစဉ် ရှိကြောင်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။
အဲဒီ လူ့အခွင့်အရေး ကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို အများက ကြည်ညို လေးစားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လွတ် လပ်လပ် စုံစမ်း ဖော်ထုတ်မယ်လို့ သူက ပြောပါတယ်။
ဒီအကြောင်း ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင် ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |