ထိုင်ဝမ်သားရိုက်တဲ့ မြန်မာအကြောင်း ရုပ်ရှင်ကား ဆု စာရင်းဝင်
2011.08.25
ဒီဇာတ်ကားဟာ သူရဲ့ မြန်မာနိုင်ငံက လူငယ်ဘဝကို အခြေခံ ရိုက်ကူးထားတာပါ။ မြန်မာ လူငယ်တွေ ကောင်းမွန်တဲ့ ဘဝတွေ ရောက်ဖို့ ဘယ်လို ကြိုးစား ရုန်းကန်ကြသလဲ ဆိုတာကို သရုပ်ဖေါ် တင်ပြထားတယ်လို့ ဆိုပါတယ်။
၂၀၀၈ ခုနှစ် မြန်မာနိုင်ငံကို အလည် ပြန်လာတဲ့အချိန်မှာ တိုင်းပြည်ရဲ့အခြေအနေဟာ သူငယ်ရွယ်စဉ် ကာလက အခြေအနေ အတိုင်း သိပ်ပြီး တိုးတက် ပြောင်းလဲတာမျိူး မမြင်တွေ့ရဘူးလို့ Kyawk Dad Yin က ပြောပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ ရုပ်ရှင် အဖွဲ့သား အားလုံး ခေါ်လာပြီး ဇာတ်လမ်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
Kyawk Dad Yin ဟာ National Taiwan တက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူပါ။ ၂၀၀၆ ခုနှစ် ကျောင်းသား ဘဝမှာ သူရိုက်ကူးခဲ့တဲ့ Paloma Blanca ရုပ်ရှင်ဟာ BIFF အပါအဝင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအမည် စာရင်း တင်သွင်းခံခဲ့ရပြီး လူကြိုက် များခဲ့ပါတယ်။
သူ့ကို ၁၉၈၂ ခုနှစ်က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက် (၁၆) နှစ် အရွယ်မှာ ထိုင်ဝမ် နိုင်ငံကို ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့တာပါ။