ထိုင်ဝမ် တစ်ဦး မြန်မာမှာ ပြန်ပေးဆွဲခံရကြောင်း နိုင်ငံခြားရေးဌာန ပြောကြား
2025.01.02
ထိုင်းနိုင်ငံကို ခရီးသွားရာက ဆိုင်ဘာရာဇဝတ်ဂိုဏ်းမှာ ပိတ်မိနေတဲ့ ထိုင်ဝမ် တစ်ယောက်ကို ရှာဖွေနေကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်မှာ ပြောကြားတယ်လို့ Focus Taiwan သတင်းက ဖော်ပြပါတယ်။
သူဟာ ၂၇ နှစ်ရှိပြီး မိသားစုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်က နောက်ဆုံးဆက်သွယ်ခဲ့ပါတယ်။
မိသားစုကို အမေရိကန် ဒေါ်လာထောင်နဲ့ချီ တောင်းတဲ့အပြင် သူဟာ ပြန်ပေးဆွဲခံရပြီး လိမ်လည်နေတဲ့ ဆက်သွယ်ရေးလုပ်ငန်းမှာ အဓမ္မ ခိုင်းစေခိုင်းခံနေရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တယ်လီဖုန်း ဆက်သွယ်တဲ့နေရာကို ခြေရာခံတဲ့အခါ သူဟာ မြန်မာနိုင်ငံ ရောက်နေတယ်လို့လည်း ပြောပါတယ်။
သူပျောက်ဆုံးနေကြောင်း သူ့ မိသားစုက မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်ဝမ် ကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က တိုင်ကြားထားတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေမှာ လူတွေ အဓမ္မခိုင်းစေခံရတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အရှေ့တောင်အာရှကိုသွားတဲ့ ထိုင်ဝမ်တွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ ထိုင်ဝမ်အာဏာပိုင်တွေက သတိပေးပါတယ်။