သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-08-25
မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ရေးအတွက် စုံစမ်း ရှာဖွေနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
2010-08-25
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုပေမယ့် မဲပေး၊ မဲရေတွက်တဲ့ နေရာမှာ ရိုးသားမှု ရှိမရှိ သေသေချာချာ စောင့်ကြည့်ပြီး မရိုးသားတာတွေ တွေ့ရင် ဖော်ထုတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
2010-08-24
ရွေးကောက်ပွဲဝင်မယ့် ပါတီတခုဖြစ်တဲ့ ကရင် ပြည်သူ့ ပါတီ KPP က ရွေးကောက်ပွဲမှာ အမတ်လောင်း ၄၀ နီးပါး ပါဝင်ယှဉ်ပြိုင်ဖို့လျာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
2010-08-24
အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၁၀ဝ ကျော် ဒီကနေ့ လွတ်မြောက်ပေမယ့် နိုင်ငံရေး အကျဉ်းသား တဦးမှ မပါဘူးလို့ အင်းစိန်ထောင်မှာ စောင့်ကြည့်နေသူ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
2010-08-24
UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ နယ်မြေအတွင်း လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ပြုလုပ်ခွင့် မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA က ဒီကနေ့ အကြောင်းကြား လိုက်တယ်လို့ ပန်ဆန်း အခြေစိုက် ဝအရာရှိတဦးက RFA ကို ပြောပါတယ်။
2010-08-24
နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာထားတဲ့ မြန်မာစစ်အစိုးရဟာ အခု သီတင်းပတ် တွေအတွင်း ရန်ကုန်မြို့မှာရှိတဲ့ အစိုးရ အဆောက်အအုံတွေ၊ ရုံးတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
2010-08-23
၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အာဏာပိုင်တွေ အလိုကျ အုပ်ချုပ်နိုင်မယ့် ရုပ်သေးအစိုးရတရပ် ပေါ်ပေါက်လာရေး လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသား အားလုံးက ဝိုင်းဝန်း ဆန့်ကျင်သွား ကြဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက နှိုးဆော်လိုက်ပါတယ်။
2010-08-23
ထောင်ကျခံနေရတဲ့ အကျဉ်းသားတွေ ကို လွှတ်ပေးဖို့ အကျဉ်းဦးစီးဌာန အာဏာပိုင်တွေ စီစဉ်နေတယ်လို့ သီတဂူဆရာတော် အရှင် ဒေါက်တာ ဉာဏိဿရ က RFA ကို မိန့်ကြားပါတယ်။
2010-08-23
မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက နေပြည်တော် သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။
2010-08-22
လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တရာနီးပါးအထိ ပါဝင် ယှဉ်ပြိုင်နိုင်မယ်လို့ NDF ပါတီ က ဒီကနေ့ ပြောကြားပါတယ်။
2010-08-22
စစ်အစိုးရ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရခိုင်ပြည် အနောက်ပိုင်း နယ်စပ်ဒေသက ရိုဟင်ဂျာ အများစု နေထိုင်တဲ့ ဘူးသီးတောင်၊ မောင်းတောမြို့နယ်တွေမှာ လူထုကို မက်လုံးတွေပေးပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။
2010-08-22
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂအဖွဲ့က စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လှုပ်ရှားမှုမှာ နယူးဇီလန်နိုင်ငံ ပါဝင်ရေးအတွက် နယူးဇီလန်အမတ်တွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
2010-08-22
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာနဲ့ စပ်လျဉ်းပြီး ဆက်လက်ပေါ်ပေါက်လာမယ့် မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးထားကြပါတယ်။
2010-08-21
ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည် ပြီးတဲ့နောက်မှ ထုတ်ပြန်ရမယ့် အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ရွေးကောက်ပွဲ မတိုင်ခင်ထဲက စစ်အစိုးရက အမိန့်နဲ့ ထုတ်ပြန်ထားပါ တယ်။ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ယှဉ်ပြီး ဦးစိန်ကျော်လှိုင်က သုံးသပ်တင်ပြထား ပါတယ်။
2010-08-21
၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးဘဲ ဆန့်ကျင်သွားကြဖို့ တိုက်တွန်း နှိုးဆော်ထားတဲ့ စာရွက်စာတမ်းတွေကို သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဆွမ်းခံကြွတဲ့ သံဃာတော်တွေက ဒကာ ဒကာမတွေရဲ့ နေအိမ်တွေမှာ ဖြန့်ဝေပေးခဲ့ကြတယ်လို့ သိရပါတယ်။