ကရင်ပြည်သူ့ပါတီ KPP က အမတ်လောင်း ၄၀ ပါဝင်ယှဉ်ပြိုင်ဖို့လျာထား
2010.08.24
ဒီကိစ္စနဲ့ပတ်သက်ပြီး KPP ရဲ့ ဥက္ကဌ ဦးထွန်းအောင်မြင့်က RFA ကို အခုလို ပြောပါတယ်။
“အဓိက ကတော့ တိုင်းရင်းသားရေးရာမှာ ကျနော်တု့ိ နေရာရပြီး တိုင်းရင်းသားတွေကို ကိုယ်စားပြု ပြောဆိုနိုင်မယ်၊ တချိန်တည်းမှာပဲ ပြည်သူလူထု အကျိုးအတွက် တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်တာပါ။ ကရင်ပြည်သူ့ပါတီအနေနဲ့ အယောက် ၄၀ လောက် ဝင်ပြိုင်ဖို့ လျာထားပါတယ်”
KPP ပါတီဟာ အသစ် ဖွဲ့စည်းတဲ့ပါတီ ဖြစ်တဲ့အတွက် စည်းရုံးရေး လုပ်ငန်းတွေမှာ အခက်အခဲ အနည်းငယ် တေ့ွရကြောင်း သိရပါတယ်။ တိုင်းရင်းသား ပြည်သူတွေရဲ့အရေးအတွက် KPP ကရင်ပြည်သူ့ ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု အတွင်းရေးမှူး ဖဒိုမန်းငြိမ်းမောင်က အခုလို သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေပဲ ကြည့်ကြည့်၊ ဒီမိုကရေစီပါတီလို့ အမည်ခံထားတဲ့ ပါတီတွေပဲ ဖြစ်ဖြစ် ဒီပါတီတွေဟာ ၂၀၀၈ နအဖ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံ၊ ထောက်ခံပြီးတော့ မှသာလျှင် ပါတီ ထူထောင်ခွင့်ရတယ်၊ ရွေးကောက်ပွဲ ဝင်ခွင့်ရတဲ့ အခါကျတော့ ဒီ ၂၀၀၈ ဥပဒေဆိုတာ နအဖ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်ထားတဲ့အပေါ် ဝင်တဲ့အခါကျတော့ ထွက်လာတဲ့အဖြေကလည်း တိုင်းရင်းသားတွေကို အကျိုးပြုနိုင်မယ့် အကာအကွယ်ပြုနိုင်မယ့် ပါတီတွေ မဟုတ်ဘူးဆိုတာ ကျနော်တို့ မြင်ပြီးသားပဲ။ အဲဒီတော့ ဒီဟာကို ကျနော်တို့ ဘာမှ ထွေထွေထူးထူး သိပ်ပြောစရာ မလိုပါဘူး”
ကရင်ပြည်သူ့ပါတီ KPP ကို ဥက္ကဌ ဦးထွန်းအောင်မြင့်၊ ဒုဥက္ကဌ အဖြစ် ဒေါက်တာဆိုင်မွန်သာ အပါအဝင် အဖွဲ့ဝင် ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။