ရိုဟင်ဂျာတွေကို ကြံခိုင်ရေး စည်းရုံး

စစ်အစိုးရ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရခိုင်ပြည် အနောက်ပိုင်း နယ်စပ်ဒေသက ရိုဟင်ဂျာ အများစု နေထိုင်တဲ့ ဘူးသီးတောင်၊ မောင်းတောမြို့နယ်တွေမှာ လူထုကို မက်လုံးတွေပေးပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။

2010.08.22

ဒီလ (၁၉) ရက်နေ့က မောင်းတောမြို့ ဆေးရုံဟောင်းတခုကို ပြုပြင်ပြီး ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ရာမှာ ရန်ကုန်က ရိုဟင်ဂျာ ကုန်သည်တွေလည်း လိုက်ပါလာပြီး မကြာသေးခင်က ရေဘေးဒဏ်ကြောင့် ဒုက္ခ ရောက်ခဲ့သူတွေကို  အကူအညီ ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီမတိုင်ခင် ရက်ပိုင်းကလည်း ရိုဟင်ဂျာတွေကို ယာယီ နိုင်ငံသားမှတ်ပုံတင် ကပ်ပြား အဖြူရောင် ထုတ်ပေးခဲ့ပေမယ့် တကယ်တမ်း ခရီးသွားရင် စစ်တွေမြို့အထိလောက်ပဲ သွားခွင့်ရတယ်လို့ ရိုဟင်ဂျာအရေး လေ့လာသူတဦးက ပြောပါတယ်။

“ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နအဖ ကြံ့ဖွတ်ပါတီက လာပြီးတော့ ကျနော်တို့ ဘာပေးမယ် ဘာလုပ်ပေးမယ်၊ ဒါပေမယ့် တခုပဲ ပေးတယ်။ အရင်က ယာယီမှတ်ပုံတင်ကဒ်ပြား အဖြူရောင်ကပ်ပြားတွေက အရင်က လုပ်ရမယ်ဆိုရင် (၂) သောင်း (၃) သောင်းလောက် ကုန်တယ်။ အခု လောလောဆယ်ကတော့ (၂) ထောင်နဲ့ (၃) ထောင်အကြားမှာ လုပ်လို့ရတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒါပဲ ရှိတယ်။ ခရီးသွားခွင့်ကတော့ လွတ်လွတ်လပ်လပ် မရဘူး။ ဒါပေမယ့် စစ်တွေအထိပဲ သွားလို့ရတယ်”

ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ်တွေမှာ လူများစုဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ဆန္ဒမဲကို ရရှိဖို့ အဓိက ကျတဲ့အတွက် စစ်အစိုးရက သူတို့အလိုကျ ဒေသခံ ရိုဟင်ဂျာနိုင်ငံရေး ပါတီတခု  အချိန်မီ တည်ထောင်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-08-24 21:29

RFA မြန်မာဌာန ၀ိုင်းတော်သားများ ခင်ဗျား..
တခြားမြန်မာသတင်းဌာနတွေက တွေက သိပ်မဖေါ်ပြဘဲ RFA သတင်းဌာနကသာ မကြာမကြာ ဖေါ်ပြပေးနေတဲ့ ရိုဟင်ဂျာတွေ
ဆိုသူတွေရဲ့ ရည်ရွယ်ချက်ကို မသိပဲ သူတို့ရဲ့ ဘာမှမဟုတ်တဲ့
သတင်းအဖြစ်ရေးလောက်စရာတောင်မရှိတဲ့ဟာကို RFA ကသတင်းအဖြစ်ပုံဖေါ်ပေးနေတာဟာဘာကြောင့်များပါလဲ...?