သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-29
ခရီးသည် အယောက် ၇၀ ကျော် သေဆုံးခဲ့တဲ့ အောင်စိုးမိုးကျော် ၂ အမြန်ရေယာဉ်မောင်းကို လူသေမှုပုဒ်မ ၃၀၄ (က) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံဖို့ ယင်းမာပင်ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2018-06-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့ရတာဟာ မိမိရဲ့မိသားစု အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့်ဖြစ်ကြောင်း သေနတ်သမားကြည်လင်းက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
2018-06-29
လာမယ့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးမှာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီတွေ က ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ လုံခြုံရေးကဏ္ဍကိုတော့ ထည့်သွင်းဆွေးနွေးမှာ မဟုတ်ဘူးလို့ ဒီကနေ့ကျင်းပတဲ့ UPDJC အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
2018-06-29
တရုတ်နိုင်ငံဘက်က ဘဏ်တွေမှာ မြန်မာနိုင်ငံသားတွေ ဘဏ်ငွေစာရင်းပိတ်ခံနေရတာကို ကူညီဖြေရှင်းပေးဖို့ နယ်စပ်ကုန်သည်တွေနဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နယ်စပ်ကုန်သွယ်ရေးဌာနက တာဝန်ရှိသူတွေကို ဒီကနေ့ ရက်စွဲနဲ့ စာရေးသားတောင်းဆိုလိုက်ပါတယ်။
2018-06-29
မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ကျင်းပမယ့် သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အသိပညာပေးဟောပြောပွဲကို ဒုတိယပါမောက္ခချုပ်က တားမြစ်ပိတ်ပင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ကျောင်း သားတွေနဲ့ ပါမောက္ခချုပ် တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရရှိသွားခဲ့ပါတယ်။
2018-06-29
နိုင်ငံတော်သမ္မတနဲ့ အစိုးရတာဝန်ရှိသူတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်း တင်သွင်းတဲ့ ဝန်ကြီးတွေကို ခိုင်းမရဘူးလို့ ပြောတာဟာ ညံ့ဖျင်းလို့၊ အတွေ့အကြုံမရှိလို့ သာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2018-06-29
ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ယာအနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ဒေသ မှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် မွတ်စလင် ကလေးငယ်တစ်ဦး ဆေးရုံတက်ရောက် ကုသနေရပါတယ်။
2018-06-28
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားဒေသမှာ အသက် ၁ဝ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ် တစ်ယောက်ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ကြာသပတေးနေ့ မနေ့က သေနတ်နဲ့ပစ်ခတ်လို့ ဒဏ်ရာရသွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
2018-06-28
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဘင်္ဂလားဒေ့ ရှ်နိုင်ငံကို ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း ဒါကာမြို့နဲ့ Cox’s Bazar ဒေသတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပါလိမ့်မယ်။
2018-06-28
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး အဆိုးဝါးဆုံး စာရင်းဝင်နိုင်ငံအဖြစ် မနေ့က ကြေညာလိုက်ပါတယ်။
2018-06-28
မြေယာအငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ပူးပေါင်းပြီး ဇွန်လ ၃ဝ ရက်၊ ခုလာမယ့်စနေနေ့မှာ ချီတက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2018-06-28
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းပလောင်ဒေသက မန်နိမ်အွမ်ရွာကို ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားပါတယ်။
2018-06-28
ရခိုင်ပြည်နယ်က လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေမှာ မြန်မာ့တပ်မတော်က တာဝန်ရှိတယ် ဆိုတဲ့အကြောင်း Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။
2018-06-28
မြေယာအငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ပူးပေါင်းပြီး ဇွန်လ ၃ဝ ရက်၊ ခုလာမယ့်စနေနေ့မှာ ချီတက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2018-06-28
မြန်မာ၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ကလေးငယ်တွေဟာ အသက်ကယ် ဆယ်ရေး အထောက်အကူ အစီအစဉ်တွေ မရရှိမခံစားနိုင်ဘဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင်က ဖော်ပြပါတယ်။