ရိုဟင်ဂျာလူငယ်ကို မြန်မာနယ်ခြားစောင့် ပစ်ခတ်
2018.06.28
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားဒေသမှာ အသက် ၁ဝ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ် တစ်ယောက် ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ကြာသပတေးနေ့ မနေ့က သေနတ်နဲ့ပစ်ခတ်လို့ ဒဏ်ရာရသွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
အဲဒီ Ansar Ullah အင်ဆာ အူလာဆိုတဲ့ လူငယ်ဟာ နယ်စပ်က ဆူးလိမ်သံကြိုးကာခြံစည်းရိုးအနီး ဆော့ကစားနေ စဉ် မြန်မာနယ်ခြားစောင့်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပေါင်မှာဒဏ်ရာရသွားတဲ့ သူ့ကို အနီးအနားရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဖွင့်ထားတဲ့ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ကို ကန့်ကွက်စာပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။