ခွင့်ပြုချက်မရတဲ့ လယ်သမားဆန္ဒပြပွဲ
2018.06.28
မြေယာအငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ပူးပေါင်းပြီး ဇွန်လ ၃ဝ ရက်၊ ခုလာမယ့်စနေနေ့မှာ ချီတက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။
အစီအစဉ်အရ စနေနေ့မှာ ကော့မှူး၊ တွံတေးနဲ့ဒလ သုံးမြို့နယ်မှာဆန္ဒပြပြီး၊ တနင်္ဂနွေနေ့မှာ ရန်ကုန် မဟာဗန္ဒုလပန်းခြံရှေ့မှာ ဆန္ဒပြကြမှာပါ။ ဒီအတွက် ငြိမ်းစုစီဥပဒေအရ သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ရာမှာ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က ခွင့်ပြုချက်မပေးခဲ့ဘူးလို့ လယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဦးဇော်ရမ်းက ပြောပါတယ်။
ဦးဇော်ရမ်းကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။