သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-30
တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပခွင့်မပြုကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်နဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်ဆရာ/ဆရာမ အသင်းများ ကိုယ်စားပြုကော်မတီက ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်လိုက်ပါတယ်။
2018-05-30
ကုန်းတွင်းမုန်တိုင်းငယ်ဟာ အားပျော့ပြီး လေဖိအားနည်းရပ်ဝန်းအဆင့်ပဲ ရှိတော့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-05-30
ပါတီရဲ့ ညွှန်ကြားချက်နဲ့ လိုအပ်ချက်အရ ဝန်ကြီးတာဝန်ကနေ နုတ်ထွက်တာဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန် က ဒီနေ့ ပြောပါတယ်။
2018-05-30
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေ ရပ်စဲဖို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ အစီရင်ခံစာကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ထံ ဒီနေ့ပေးပို့လိုက်ပါတယ်။
2018-05-30
Pen America အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာတဲ့ ဧရာဝတီသတင်းဌာနက အကြီးတန်းသတင်းထောက် လဝီဝမ်ဟာ မနှစ်က ရှမ်းပြည်မြောက်ပိုင်းမှာ TNLA တအာင်းပလောင် လွတ်မြောက်ရေးတပ်ဦးက ပြုလုပ်တဲ့ မူးယစ်ဆေးဝါးဖျက်ဆီးတဲ့ အခမ်းအနားကို သတင်းသွားယူစဉ်မှာ မတရားသင်းဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ တပ်မတော်က ဖမ်းဆီးတရားစွဲခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။
2018-05-30
မြန်မာနိုင်ငံတွင်းက စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာရောက် မြန်မာမိသားစုတွေရဲ့ လှူဒါန်းငွေနဲ့ နှစ်စဉ်ဂုဏ်ပြုချီးမြှင့်တဲ့ "ပြည်သူ့ဂုဏ်ရည်ဆု" ကို အခုနှစ်အတွက် ရန်ကုန်မြို့ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။
2018-05-30
ကချင်ပြည်နယ် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတက တရားဥပဒေနဲ့အညီ အမိန့်ပေးလာခဲ့ရင် တပ်မတော်က လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောကြားလိုက်ပါတယ်။
2018-05-30
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံ ထားတဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို တိုင်းစာရင်းစစ်ချုပ်ရုံးကနေ စစ်ဆေးပြီး လွှတ်တော်ထံတင်ပြပေးဖို့ဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ အဆိုကို ဒီနေ့ တိုင်းဒေသလွှတ်တော်မှာ ကိုယ်စားလှယ် ၄ဦးက ဆွေးနွေးခဲ့ပါတယ်။
2018-05-30
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့ ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
2018-05-30
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ချက်ချင်းရပ်ဆိုင်းပေးဖို့၊ ဒေသခံလူထုရဲ့ နစ်နာမှုတွေကို ကုစားပေးဖို့ နဲ့ လျော်ကြေးပေးဖို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဦးဆောင်ပြီး ဒေသခံတွေရဲ့ သဘောထားကို မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-05-30
ရခိုင်ပြည်နယ်မှာ ဘာသာရေးအရ အနည်းစုဖြစ်တဲ့ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ယုံကြည်ရပြီး တိုးတက်မှု သိပ်ပြီးမမြင်တွေ့ရပါဘူးလို့ အမေရိကန်အစိုးရ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ အထူးသံအမတ်ကြီး Sam Brownback ဆမ် ဘရောင်းဘက်က အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-05-29
ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ရခိုင်ကမ်းရိုးတန်း ဒေသကို ဗဟိုပြုနေပြီး အနီရောင် အရေးပေါ် အခြေအနေ အဆင့်သတ်မှတ်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲ မုန်တိုင်းဖြတ်နိုင်တဲ့ မြို့နယ်တွေမှာ အခုညနေပိုင်း ရာသီဥတုအခြေအနေနဲ့ ဒေသခံတွေ မုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်နေကြပါသလဲ။
2018-05-29
၂ဝ၁၁ အရပ်ဖက်အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုဟာ ၂ဝ၁၇ မှာ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပမာဏာအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ နီးပါးရှိခဲ့တယ်လို့ Japan Times သတင်းစာက ဒီကနေ့ ရေးသားပါတယ်။
2018-05-29
ရခိုင်ပြည်နယ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဆောင်ရွက်ပေးဖို့ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။
2018-05-29
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြသူတွေအရေးကိစ္စနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်ရုံးမှာ ဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။