ရခိုင်ကိုဝင်မယ့် မုန်တိုင်းငယ် အခြေအနေ
2018.05.30
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့ ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
မုန်တိုင်းဖြတ်သွားချိန်မှာ စစ်တွေနဲ့ ကျောက်ဖြူတို့မှာ အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ တစ်နာရီကို ၄၅ မိုင်ကနေ မိုင် ၅၀ နှုန်းထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။