တီကျစ်ကျောက်မီးသွေးသုံးစက်ရုံ ချက်ချင်းရပ်ဆိုင်းပေးဖို့ တောင်းဆို
2018.05.30
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ချက်ချင်းရပ်ဆိုင်းပေးဖို့၊ ဒေသခံလူထုရဲ့ နစ်နာမှုတွေကို ကုစားပေးဖို့ နဲ့ လျော်ကြေးပေးဖို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဦးဆောင်ပြီး ဒေသခံတွေရဲ့ သဘောထားကို မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
လတ်တလော တီကျစ်ဒေသမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံ ခွန်ဝင်းထိန် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။